Amos 1:6
တဖန်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဂါဇ မြို့သည် ချုပ်ထား သောသူ အပေါင်း တို့ကို ဧဒုံ မင်း၌ အပ် ခြင်းငှါ သိမ်း သွားသောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည် ဒဏ် မ ပေးဘဲမနေ။
မြန်မာကျမ်းစာ
In The King James Version
In Context
7ဂါဇ မြို့ရိုး အပေါ် သို့ မီး ကိုလွှတ် ၍ ဘုံ ဗိမာန်တို့ကို လောင် စေမည်။
Cross References
2 Chronicles 21:16ထိုနောက်မှ ၊ ထာဝရဘုရား သည် ဖိလိတ္တိ လူ၊ ကုရှ ပြည်နှင့်နီးသော အာရပ် လူတို့ကို၊ ယဟောရံ မင်း တစ်ဘက် နှိုးဆော် တော်မူသဖြင့်၊
2 Chronicles 28:18ဖိလိတ္တိ လူတို့သည်လည်း ၊ နိုင်ငံ အောက်ပိုင်းနှင့် ယုဒ ပြည်တောင် ပိုင်း၌ ရှိသောမြို့ တို့ကိုတိုက် ၍၊ ဗက်ရှေမက် မြို့၊ အာဇလုန် မြို့၊ ဂေဒရုတ် မြို့၊ ရှောခေါ မြို့ ရွာ၊ တိမနာ မြို့ ရွာ၊ ဂိမဇော မြို့ ရွာများကို ယူ ၍ နေရာ ချကြ၏။
Jeremiah 47:1ဖာရော ဘုရင်သည် ဂါဇ မြို့ကို မ လုပ်ကြံ မှီ၊ ဖိလိတ္တိ အမျိုးသားတို့ကို ရည်မှတ်၍၊ ပရောဖက် ယေရမိ သို့ ရောက်လာ သော နှုတ်ကပတ် တော်အားဖြင့်၊
Ezekiel 25:15တဖန် ဖိလိတ္တိ လူတို့သည် အငြိုးထား ၍ မနာလို သောစိတ် အားကြီးသည်နှင့် ဒေါသအလိုကိုပြည့်စုံစွာ ပြု၍၊ ရှင်းရှင်း ဖျက်ဆီး ခြင်းငှါအပြစ်ဒဏ် ပေးသောကြောင့် ၊
Joel 3:6ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့ကို နေရင်း ပြည် မှ အဝေး သို့ ပြောင်းစေလိုသောငှါ ၊ ဟေလသ အမျိုးသား တို့အား ရောင်း လိုက်သောကြောင့်၎င်း ၊
Amos 1:9တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တုရု မြို့သည် ညီအစ်ကို ချင်းဖွဲ့သောမိဿဟာယ ကို မ စောင့် ၊ ချုပ် ထားသော သူ အပေါင်း တို့ကို ဧဒုံ မင်း၌ အပ် သောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည် ဒဏ် မ ပေးဘဲမနေ။