Amos 5:1
အိုဣသရေလ အမျိုး ၊ ယခုသင် တို့၌ ငါ မြွက်ဆို ၍ မြည်တမ်း သောစကား ကို နားထောင် ကြလော့။
မြန်မာကျမ်းစာ
In The King James Version
Hear ye this word which I take up against you, even a lamentation, O house of Israel.
In Context
2ဣသရေလ သတို့သမီး ကညာသည်လဲ ပြီ။ နောက် တဖန်မ ထ ရ။ မိမိ မြေ ပေါ်မှာ တုံးလုံး နေ၏။ ချီကြွ သောသူမ ရှိ။
Cross References
Jeremiah 7:29သင် ၏သစ္စာဆံပင် ကိုရိတ် ၍ ပစ် လိုက်လော့။ မြင့် သောအရပ်၌ မြည်တမ်း ခြင်းကို ပြု လော့။ အကြောင်း မူကား၊ ထာဝရဘုရား သည် မိမိလူမျိုးကို ပယ် တော်မူပြီ။ အမျက် တော်သင့်ရောက်သော အမျိုး ကို စွန့်ပစ် တော်မူပြီ။
Jeremiah 9:10တောင် များ၊ လွင်ပြင်များတို့အတွက် ငါသည် ငိုကြွေး မြည်တမ်း ခြင်းကို ပြု ရမည်။ ထိုအရပ်တို့၌ မီးလောင် သောကြောင့် ၊ လူသည်မရှောက် မသွားရ။ သိုး နွား မြည်သံ ကို မ ကြား ရ။ မိုဃ်းကောင်းကင် ငှက် နှင့် သားရဲ တို့သည် ထွက် ပြေးရကြပြီ။
Jeremiah 9:20အိုမိန်းမ တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် ကို နားထောင် ၍ ၊ နှုတ် တော်ထွက်ကို နာယူ ကြလော့။ သင် တို့၏ သမီး တို့အား ငိုကြွေး ခြင်းကို၎င်း ၊ အသီးအသီး အပေါင်း အဘော်တို့အား မြည်တမ်း ခြင်းကို၎င်းသွန်သင် ကြလော့။
Ezekiel 19:1ထိုမှတပါး ၊ ဣသရေလ မင်းသား တို့အတွက် ငိုကြွေး မြည်တမ်းလျက်ပြော ရမည်မှာ၊
Ezekiel 26:17သူတို့ကလည်း၊ အိုကျော်စော သော မြို့ ၊ ပင်လယ်သား နေ ၍ ပင်လယ် ၌ အားကြီး သော မြို့၊ ပင်လယ်သား အပေါင်း တို့ ရိုသေ ဘွယ်သော မြို့သား နှင့် ပြည့်စုံသော မြို့၊ သင်သည် အလွန် ပျက်စီး လေပြီတကားဟု သင့် အား ဆို လျက် ၊ သင့် အတွက် မြည်တမ်း ကြလိမ့်မည်။
Ezekiel 27:27သင် သည် လဲပျက် သောအခါ သင် ၏ဥစ္စာ ၊ ဝိုင်း ၊ ကုန် ၊ သင်္ဘောသား ၊ လမ်းပြ မာလိန်၊ ပြုပြင် သူ၊ ကုန်သည် ၊ စစ်သူရဲ အလုံးအရင်း ပါသမျှ တို့သည် ပင်လယ် အလယ် ၌ ကျ ရကြလိမ့်မည်။