Amos 5:13
ထိုသို့ သောကာလ သည် ဆိုးယုတ် သောကာလ ဖြစ်သောကြောင့် ၊ ပညာရှိ သောသူသည် တိတ်ဆိတ် စွာ နေလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
Therefore the prudent shall keep silence in that time; for it is an evil time.
In Context
Cross References
2 Kings 18:36ယုဒလူ တို့လည်း စကား တခွန်းကိုမျှမ ပြန် ဘဲ တိတ်ဆိတ် စွာနေကြ၏။ အကြောင်း မူကား၊ ပြန် မ ပြောနှင့်ဟု ရှင်ဘုရင် အမိန့် တော်ရှိသတည်း
Psalms 38:14နားမ ကြား ၊ ပြန် ၍မ ငြင်းနိုင်သော သူ ကဲ့ သို့ဖြစ် ပါ၏။
Ecclesiastes 9:12လူ သည် မိမိ ကာလ အချိန်ကိုမ သိ တတ်။ ဘေး ပြု ရာ ပိုက်ကွန် အုပ်မိ သော ငါး ကဲ့သို့ ၎င်း၊ ကျော့ကွင်း ၌ ကျော့မိ သော ငှက် ကဲ့သို့ ၎င်း၊ လူ သား တို့သည် ဘေး ပြုရာ ကာလ ထဲသို့ အမှတ်တမဲ့ ရောက် ၍ ကျော့မိ တတ်ကြ၏။
Isaiah 37:3ဟေဇကိ မင်းမှာ ထား သော စကားဟူမူကား ၊ ယနေ့ သည် ဒုက္ခ နေ့ ၊ ဆုံးမ သောနေ့၊ ကဲ့ရဲ့ ခြင်းကို ခံရ သောနေ့ဖြစ်၏။ သား ဘွား ချိန်ရောက်၍သားကို ဘွား နိုင် အောင် ခွန်အား မ ရှိ။
Amos 6:10ပေါက်ဘော် တော်၍ မီး ဖြင့် သင်္ဂြိုဟ်ရသော သူသည် အိမ် ထဲက အသေ ကောင်ကိုထုတ် ၍ ချီ သွား သောအခါ၊ အိမ် အတွင်း တွင် ရှိသောသူ ကို ခေါ် ၍ ၊ သင် ၌ တစုံတယောက် ကျန်ကြွင်းသေးသလော ဟုမေးသော်၊ မကျန်ကြွင်းဟု ပြန်ပြောလိမ့်မည်။ ထမ်းသွားသောသူကလည်း၊ တိတ်ဆိတ် စွာနေလော့။ ထာဝရဘုရား ၏ နာမ တော်ကို ချီးမွမ်း ရသောအခွင့်မ ရှိဟု ပြောဆို လိမ့်မည်။
Micah 7:5အဆွေ ခင်ပွန်းကို မ ယုံ နှင့်။ လမ်းပြ သောသူကို အမှီ မ ပြုနှင့်။ သင့် ရင်ခွင် ၌ အိပ် သော မယားကို မယုံမူ၍၊ သင့် နှုတ် တံခါး ကို ပိတ် ထားလော့။