Amos 5:27
ထိုကြောင့် ၊ သင် တို့ကို ဒမာသက် မြို့တဘက် သို့ သိမ်း သွားစေ ခြင်းငှါ ငါစီရင်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ဟူ၍ဘွဲ့ နာမရှိသော ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Kings 14:15အာရှရ ပင်တို့ကို ပြုစု ၍ ထာဝရဘုရား ၏ အမျက် တော်ကိုနှိုးဆော်ကြသောကြောင့် ၊ ကျူပင် ကို ရေ ၌ လှုပ်ရှား သကဲ့သို့ ထာဝရဘုရား သည် ဣသရေလ အမျိုးကို ဒဏ်ခတ် ၍၊ ဘိုးဘေး တို့အား ပေး တော်မူသော ဤ ပြည် ကောင်း မှ နှုတ်ပယ် ပြီးလျှင် ၊ မြစ် ကြီးတဘက် ၌ အရပ်ရပ်သို့ ကွဲပြား စေတော်မူမည်။
2 Kings 17:6ဟောရှေ နန်းစံကိုး နှစ် တွင် ၊ အာရှုရိ ရှင် ဘုရင်သည် ရှမာရိ မြို့ကို ရ ပြီးလျှင် ၊ ဣသရေလ အမျိုးကို အာရှုရိ ပြည်သို့ သိမ်းသွား ၍ ဂေါဇန် မြစ် နား၊ ဟာလ မြို့၊ ဟာဗော် မြို့အစရှိသော မေဒိ နိုင်ငံမြို့ ရွာတို့၌ ထား ၏
Amos 4:13တောင် တို့ကို လုပ် ၍ လေ ကိုဖန်ဆင်း ထသော၊ လူ စိတ် အကြံအစည်ကို လူ အား ဘော်ပြ ထသော၊ နံနက် အလင်းကို အမိုက် ဖြစ်စေ ထသော၊ မြင့် သောမြေ အရပ်တို့ကို နင်း သောသူသည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား တည်းဟူသောဘွဲ့နာမရှိတော်မူ၏။
Acts 7:43သင်တို့သည် မောလုပ် ၏တဲ နှင့် သင် တို့ဘုရား ရင်ဖန် ၏ ကြယ် တည်းဟူသောကိုးကွယ် ဘို့ရာမိမိ တို့လုပ် သော ပုံ တို့ကို ဆောင်ရွက် ကြပြီ တကား။ ထိုကြောင့် ငါသည် သင် တို့ကို ဗာဗုလုန် မြို့ တစ်ဘက် သို့ ဆောင်သွား မည်ဟု ကျမ်းလာရှိသည်နှင့်အညီ၊ ဘုရားသခင် သည် မျက်နှာတော်ကိုလွှဲ ၍ ၊ ကောင်းကင် တန်ဆာ များတို့အား ဝတ်ပြု စေခြင်းငှာထိုသူ တို့ကို စွန့်ပစ် ထားတော်မူ၏။