Amos 5:9
ခွန်အားကြီးသော သူတို့ကို၎င်း၊ ရဲတိုက်တို့ကို၎င်း ဖျက်ဆီးတော်မူသောဘုရားကို ရှာကြလော့။
1835 Judson Burmese Bible
In The King James Version
In Context
10မြို့တံခါးဝတွင် ဆုံးမတတ်သောသူကို မုန်း၍ ဖြောင့်မတ်စွာပြောတတ်သော သူကို ရွံ့ရှာကြပြီတကား။
Cross References
2 Kings 13:17အရှေ့ပြတင်းပေါက်ကို ဖွင့်လော့ဟုဆို၍ ဖွင့် လေ၏။ ပစ်လော့ဟုဆိုသည်အတိုင်း ရှင်ဘုရင်သည် ပစ်လေ၏။ ဧလိရှဲကလည်း၊ ထာဝရ ဘုရားကယ်တင် တော်မူရာမြှား၊ ရှုရိမင်းလက်မှ ကယ်နှုတ်ရာမြှားဖြစ်၏။ အာဖက်မြို့၌ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့် မည်ဟု ဆို၏။
Jeremiah 37:10ထိုမျှမက၊ သင်တို့ကိုစစ်တိုက်သော ခါလဒဲ စစ်သူရဲအပေါင်းတို့ကို သင်တို့သည်လုပ်ကြံသဖြင့်၊ သူတို့ တွင် ဒဏ်ချက်ထိသော သူသက်သက် ကျန်ကြွင်းသော် လည်း၊ သူတို့သည် အသီးအသီးမိမိတို့ထဲ၌ထ၍၊ ဤမြို့သို့ မီးရှို့ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Hebrews 11:34မီးအရှိန်ကိုငြိမ်းစေခြင်း တားလက်နက်ဘေးနှင့်ကင်းလွတ်ခြင်း၊ အနာမှထမြောက်၍ကျန်းမာခြင်း၊ စစ်တိုက်သောအခါ ခွန်အားနှင့်ပြည့်စုံခြင်း၊ တပါးအမျိုးသားတို့၏ တပ်များကို ဖျက်ဆီးခြင်းအမှုများကို ပြုကြ၏။