Amos 6:14
အကယ် စင်စစ်၊ အိုဣသရေလ အမျိုး ၊ သင် တို့တဘက် ၌ လူတမျိုးကို ငါ ထ စေ၍၊ ထို လူမျိုး သည် ဟာမတ် မြို့လမ်းဝ မှစ၍ တော ၌ရှိသောမြစ် တိုင်အောင် သင် တို့ကို ညှဉ်းဆဲ လိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Kings 8:65ထိုအခါ ရှောလမုန် သည် အလွန် များစွာသော ပရိသတ် တည်းဟူသောဟာမတ် မြို့ဝင်ဝမှစ၍ အဲဂုတ္တု မြစ် တိုင်အောင် အနှံ့အပြားအရပ်ရပ်ကလာကြသော ဣသရေလ အမျိုးသားအပေါင်း တို့နှင့်တကွ ၊ ငါ တို့ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ခုနစ်ရက် နှစ်လီ၊ တဆယ် လေး ရက် ပတ်လုံးပွဲ ခံ တော်မူ၏။
2 Kings 15:29ဣသရေလ ရှင်ဘုရင် ပေကာ လက်ထက် ၊ အာရှုရိ ရှင်ဘုရင် တိဂလတ် ပိလေသာသည်လာ ၍ ဣယုန် မြို့၊ အဗေလ ဗက်မာခါမြို့၊ ယာနော မြို့၊ ကေဒေရှ မြို့၊ ဟာဇော် မြို့နှင့်တကွ ဂိလဒ် ပြည်၊ ဂါလိလဲ ပြည်၊ နဿလိ ပြည် သားအပေါင်း တို့ကို လုပ်ကြံ၍၊ အာရှုရိ ပြည်သို့ သိမ်းသွား ၏
Isaiah 7:20ထိုကာလ တွင် မြစ် ကြီးတဘက် ၌ နေသောသူ၊ အာရှုရိ ရှင်ဘုရင် တည်းဟူသော ငှါး သော သင်တုန်း ဖြင့် ထာဝရ ဘုရားသည် ဆံပင် နှင့် ခြေ မွေး ကို ရိတ် တော်မူ မည်။ မုတ်ဆိတ် ကိုလည်း ပယ်ရှင်း တော်မူမည်။
Isaiah 10:5အာရှုရိ လူသည်အမင်္ဂလာ ရှိ၏။ ငါ့ အမျက် ၏ လှံတံ ဖြစ်၏။ သူ ကိုင် သောတောင်ဝေး သည် ငါ ဒဏ် ပေး စရာဘို့ ဖြစ်၏။
Ezekiel 47:15မြေ မြောက် ဘက် အပိုင်းအခြား သည် မဟာ ပင်လယ် တဘက်တချက်၊ ဟေသလုန် လမ်း ၊ ဇေဒဒ် လမ်းသို့ လိုက်လျက်၊