Amos 6:2
ကာလနေ မြို့သို့သွား ၍ ကြည့်ရှု ကြလော့။ ထို မြို့မှ ဟာမတ် ကြီးမြို့သို့၎င်း ၊ ဖိလိတ္တိ လူတို့နေသောဂါသ မြို့ သို့၎င်း သွား ကြလော့။ ထိုနိုင်ငံ တို့သည် ဤ နိုင်ငံတို့ထက် သာ၍ကောင်း သလော ။ သူ တို့နယ် အပိုင်းအခြားသည် သင် တို့နယ် အပိုင်းအခြားထက် သာ၍ကျယ် သလော။
မြန်မာကျမ်းစာ
In The King James Version
In Context
3ဆိုးယုတ် သော နေ့ရက် ကို ရွှေ့ ၍ ၊ မ တရားသဖြင့် စီရင်ရာပလ္လင် ကို အနီး မှာတည်စေခြင်း၊
Cross References
1 Samuel 5:8လူကိုစေလွှတ် ၍ ဖိလိတ္တိ မင်း အပေါင်း တို့ကို စုဝေး စေပြီးလျှင် ၊ ဣသရေလ အမျိုး၏ ဘုရား သခင့် သေတ္တာ တော်ကို အဘယ်သို့ ပြု ရပါမည်နည်းဟုမေး ကြ၏။ မင်းများကလည်း၊ ဣသရေလ အမျိုး၏ ဘုရား သခင့်သေတ္တာ တော်ကို ဂါသ မြို့သို့ ဆောင် သွားစေဟု စီရင်သည်အတိုင်း ဆောင် သွားကြ၏။
1 Samuel 17:4ခြောက် တောင် နှင့် တထွာ အရပ် မြင့်သော ဂါသ မြို့သားဂေါလျတ် အမည် ရှိသောသူရဲသည် ဖိလိတ္တိ တပ် ထဲက ထွက် လာ၏။
2 Samuel 8:9ဟာဒဒေဇာ ၏ တပ် အလုံးအရင်း ကို ဒါဝိဒ် လုပ်ကြံ ကြောင်း ကို၊ ဟာမတ် မင်းကြီး တောဣ သည် ကြား လျှင်၊
2 Kings 17:24အာရှုရိ ရှင် ဘုရင်သည်လည်း ၊ ဗာဗုလုန် မြို့သား၊ ကုသ မြို့သား၊ အာဝ မြို့သား၊ ဟာမတ် မြို့သား၊ သေဖရဝိမ် မြို့သားတို့ကို ဆောင်ခဲ့ ၍ ၊ ရှမာရိ မြို့ ရွာတို့တွင် ဣသရေလ အမျိုးသား ကိုယ်စား ထား သဖြင့် ထိုလူတို့သည် ရှမာရိ မြို့ ရွာတို့ကို သိမ်းယူ ၍ နေရာ ကျကြ၏
2 Kings 18:34ဟာမတ် ပြည်၏ဘုရား၊ အာပဒ် ပြည်၏ ဘုရား တို့သည် အဘယ်မှာ ရှိကြသနည်း။ သေဖရဝိမ် ပြည်၊ ဟေန ပြည်၊ ဣဝါ ပြည်၏ ဘုရား တို့သည် အဘယ် မှာရှိကြသနည်း။ သူတို့သည် ရှမာရိ ပြည်ကို ငါ့ လက် မှ ကယ်လွှတ် ကြပြီလော
2 Chronicles 26:6ထိုမင်းသည် စစ်ချီ ၍ ဖိလိတ္တိ လူတို့ကို တိုက် သဖြင့် ၊ ဂါသ မြို့ရိုး ၊ ယာဗနေ မြို့ရိုး ၊ အာဇုတ် မြို့ရိုး တို့ကို ဖြိုဖျက် ပြီးမှ ၊ အာဇုတ် မြို့ပတ်လည် ၊ ဖိလိတ္တိ ပြည်အရပ်ရပ်၌ မြို့ သစ်တို့ကို တည်ထောင် လေ၏။