ကောလောသဲဩဝါဒစာ 2:18
ဦးခေါင်း တော်ကို အမှီ မ ပြု၊ ဇာတိ ပကတိ၏ စိတ် နှလုံးအချည်းနှီး ထောင်လွှား လျက်၊ မိမိ မသိ မမြင် သောအရာ ကို စူးစမ်း လျက်၊ စိတ် နှိမ့်ချခြင်း၌ ၎င်း၊ ကောင်းကင် တမန်ကို ကိုးကွယ် ခြင်း၌ ၎င်း မွေ့လျော် သောသူ တစ်စုံတစ်ယောက်မျှ သင် တို့ဆု ကို မ လုမယူစေနှင့်။။
မြန်မာကျမ်းစာ
In The King James Version
In Context
17ထို အရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့၏ အရိပ် ဖြစ် ကြ၏။ ကိုယ်မူကား ခရစ်တော် ၏ ကိုယ် ဖြစ်၏။။
Cross References
Genesis 3:13ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ သင်သည် အဘယ်သို့ ပြု ပြီးသနည်းဟု မိန်းမအားမေး တော်မူလျှင် ၊ မိန်းမ က မြွေ သည် ကျွန်တော်မ ကို လှည့်စား ၍ ၊ ကျွန်တော်မသည်စား မိပါပြီဟု လျှောက် လေ၏။
Deuteronomy 29:29မ ထင်ရှားသောအရာတို့သည်၊ ငါ တို့ဘုရားသခင် ထာဝရဘုရား ၏ အငန်းအတာဖြစ်ကြ၏။ ဘော်ပြ တော်မူသောအရာတို့သည် ကာလ အစဉ်မပြတ် ငါ တို့နှင့် ငါ တို့သားသမီး များတို့၏ အငန်းအတာဖြစ်၍၊ ဤ ပညတ် တရားစကား အလုံးစုံ တို့ကို စောင့်ရှောက် ရမည်အကြောင်း တည်း။
Psalms 138:1အို ထာဝရ ဘုရား၊ ကိုယ်တော် ကို စိတ် နှလုံး အကြွင်းမဲ့ အကျွန်ုပ်ချီးမွမ်း ပါမည်။ အခြား တပါး သော ဘုရား တို့ရှေ့ မှာ ကိုယ်တော် ကို ထောမနာသီချင်း ဆိုပါ မည်။
Ezekiel 13:3အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အဘယ်အရာကိုမျှ မ မြင် ဘဲ၊ ကိုယ် စိတ် အလိုသို့ လိုက် တတ်သော ပရောဖက် မိုက် တို့သည် အမင်္ဂလာ ရှိကြ၏။
Matthew 24:24အကြောင်းမူကား ၊ ခရစ်တော် ၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာ ပရောဖက်တို့သည် ပေါ်လာ ၍ ရွေးချယ် သောသူ တို့ကိုပင် လှည့်ဖြားနိုင် လျှင် လှည့်ဖြား လောက်အောင် ကြီးစွာ သောနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြ ကြလိမ့်မည်။
Romans 8:6ဇာတိ ပကတိစိတ် သဘောသည် သေ ခြင်းအကြောင်းဖြစ်၏။ ဝိညာဉ် ပကတိစိတ် သဘောသည် အသက် ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက် ခြင်းအကြောင်း ဖြစ်၏။