Daniel 11:30
အကြောင်းမူကား၊ ခိတ္တိမ် သင်္ဘော တို့သည် ထိုသူ ကို ဆီးတားကြလိမ့်မည်။ ထိုကြောင့် ၊ စိတ်နာ လျက် ပြန် သွား၍ သန့်ရှင်း သော ပဋိညာဉ် တရားကို အမျက် ထွက်သည်အတိုင်းပြု ပြီးမှပြန် သွားစဉ်တွင်၊ သန့်ရှင်း သော ပဋိညာဉ် တရားကို စွန့်ပစ် သောသူတို့ နှင့် အဆွေဖွဲ့လိမ့်မည် ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 24:24သင်္ဘော တို့သည်လည်း ခိတ္တိမ် ပြည် မှ လာ၍ အာရှုရိ ပြည်ကို၎င်း ၊ ဟေဗာ ပြည်ကို၎င်းနှောင့်ရှက် ကြ လိမ့်မည်။ သူ တို့သည်လည်း ရှင်းရှင်းပျက်စီး ကြလိမ့်မည် ဟု မြွက်ဆိုပြီးမှ၊
Nehemiah 6:12ထိုသူ ကို ဘုရား သခင်စေလွှတ် တော်မ မူ။ တောဘိ နှင့် သမ္ဘာလတ် ငှါး သောကြောင့် ၊ ထိုသို့ ငါ့ တစ်ဘက် ၌ ဟောပြော သည်ကို ငါရိပ်မိ ၏။
Isaiah 23:12ညှဉ်းဆဲ ခြင်းကို ခံရသောကညာ ၊ ဇိဒုန် မြို့၏သ္မီး ၊ သင်သည် နောက်တဖန် ရွှင်လန်း ခြင်း မ ရှိရ။ ထ လော့။ ခိတ္တိမ် ပြည်သို့ ကူး သွားလော့။ ထို အရပ်၌လည်း ငြိမ်သက် ခြင်း မ ရှိရဟု မိန့် တော်မူ၏။
Ezekiel 27:6ဗာရှန် သပိတ် သစ်သားဖြင့် တက် တို့ကို၎င်း၊ ခိတ္တိမ် ကျွန်း တို့မှ ယူခဲ့၍ ဆင်စွယ် နှင့် စီချယ် သော တာရှုရ သစ်သားဖြင့် ကန့် တို့ကို၎င်းလုပ် ကြပြီ။
Daniel 11:28တဖန် မြောက်ရှင်ဘုရင်သည် များစွာ သော စည်းစိမ် ဥစ္စာပါ လျက် မိမိ ပြည် သို့ ပြန် ၍သွားစဉ်တွင်၊ သန့်ရှင်း သော ပဋိညာဉ် တရားကို မနာလိုသောစိတ် ရှိသည်အတိုင်း ပြု ပြီးမှ မိမိ ပြည် သို့ ပြန် သွားလိမ့်မည်။
Revelation 12:12ထိုကြောင့် ကောင်းကင် နှင့် ကောင်းကင် သားတို့ ရွှင်လန်း ကြလော့။ မြေကြီး နှင့် ပင်လယ် သည် အမင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ မာရ်နတ် သည် မိမိကာလ တခဏ သာရှိသည် ကို သိ ၍၊ ပြင်းစွာ သော ဒေါသ အမျက်နှင့်တကွသင် တို့ရှိ ရာသို့ ဆင်း လေပြီဟု ဆိုကြသည်ကို ငါကြား၏။