Daniel 11:32
ပဋိညာဉ် တရားကို ပြစ်မှား သောသူတို့ သည် ချော့မော့ ရာသို့ လိုက်၍ ယိုယွင်း ကြလိမ့်မည်။ မိမိ တို့ ဘုရား သခင်ကို သိ သောသူတို့မူကား ၊ ကြီးစွာ သောအားနှင့် ပြု ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Nehemiah 4:14ထိုအမှုအလုံးစုံတို့ကို ကြည့်ရှု စီရင်ပြီးမှ မှူးမတ် ၊ မင်း အရာရှိ၊ ကြွင်း သောသူ တို့အား ခေါ် ၍ ၊ ရန်သူ တို့ကို မ ကြောက် ကြနှင့်။ ကြီးမြတ် ၍ ကြောက်မက် ဘွယ် ဖြစ် တော်မူသောထာဝရဘုရား ကို အောက်မေ့ ကြလော့။ ညီအစ်ကို သား မယား အိမ် ရာအဘို့ တိုက် ကြလော့ဟုဆို၏။
Proverbs 19:5မ မှန်သောသက်သေ သည် အပြစ် မခံဘဲမနေရ။ မုသာ ကို သုံး သောသူသည်လည်း ဒဏ်နှင့်မ လွတ် ရ။
Jeremiah 31:34ထိုသူတို့က၊ ထာဝရဘုရား ကို သိ လော့ဟု၊ အမျိုးသား ချင်း၊ ညီအစ်ကို အချင်းချင်းတယောက်ကို တယောက်ဆုံးမ ဩဝါဒမပေးရကြ။ အကြောင်း မူကား၊ အငယ်ဆုံး သော သူမှစ၍ အကြီးဆုံး သောသူတိုင်အောင် ၊ ထိုသူ အပေါင်း တို့သည် ငါ့ ကိုသိ ကြလိမ့်မည်။ ထိုအခါ ငါသည် သူ တို့အပြစ် များကို သည်းခံ မည်။ သူ တို့ပြုသောဒုစရိုက် များကို မ အောက်မေ့ ဘဲနေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Micah 7:15သင် သည် အဲဂုတ္တု ပြည် မှ ထွက် သောနေ့ ၌ မြင် သည်အတိုင်း ၊ တဖန်အံ့ဩ ဘွယ်သော အမှုတို့ကို ငါပြ မည်။
Zechariah 10:3သိုးထိန်း တို့ကို ငါ အမျက် ထွက် ၍ ၊ ဆိတ်ထီး တို့ကို စစ်ကြော သဖြင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် မိမိ သိုးစု ယုဒ အမျိုး ကို အကြည့်အရှု ကြွလာ ၍ ၊ ဘုန်း တော်ကို ဆောင်သော စစ်တိုက် မြင်း ကဲ့သို့ ဖြစ် စေတော်မူမည်။
Zechariah 12:3ထိုကာလ အခါ၌ လည်း ထို မြို့ကို လူမျိုး အပေါင်း တို့အား လေး သော ကျောက် ဖြစ် စေမည်။ ထို ကျောက်ကို ချီ သော သူအပေါင်း တို့သည် ကျိုးပဲ့ ကြေမွကြလိမ့်မည်။ လောကီ သားအမျိုးမျိုး တို့သည် ယေရုရှလင် မြို့တဘက် ၌ စုဝေး လျက် ရှိကြလိမ့်မည်။