Daniel 11:36
ရှင် ဘုရင်တပါးသည် မိမိ အလို အလျောက် ပြု ၍ ၊ ဘုရား အပေါင်း တို့ထက် ကိုယ်ကိုကိုယ်ချီးပင့် မြှောက်စား လျက် ၊ ဘုရား တို့၏ဘုရား ကို ဆန့်ကျင်ဘက်ပြု၍ အံ့ဘွယ် သောစကားကို ပြော လိမ့်မည်။ ဒေါသ အမျက်စေ့ စုံသည် ကာလတိုင်အောင် ကောင်းစား လိမ့်မည်။ စီရင် ဆုံးဖြတ်သမျှ အတိုင်းဖြစ် ရလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 10:17အကြောင်း မူကား၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ ဘုရား တို့၏ ဘုရား ၊ သခင် တို့၏သခင် ၊ ကြီးမြတ် သောဘုရား ၊ တန်ခိုး နှင့် ပြည့်စုံ၍ ကြောက်မက် ဘွယ်သောဘုရား၊ လူမျက်နှာ ကို မ ထောက် ၊ တံစိုး ကို မ စား ဘဲ၊
Job 23:13သို့ရာတွင် သဘောတညီတည်း ရှိတော်မူသောဘုရား သခင်ကို အဘယ်သူ သည် ပြောင်းလဲ စေနိုင်မည်နည်း။ အလို တော်ရှိသည်အတိုင်း ပြု တော်မူလိမ့်မည်။
Psalms 136:2ဘုရား တို့၏အရှင် ၊ ဘုရား သခင်၏ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
Isaiah 10:5အာရှုရိ လူသည်အမင်္ဂလာ ရှိ၏။ ငါ့ အမျက် ၏ လှံတံ ဖြစ်၏။ သူ ကိုင် သောတောင်ဝေး သည် ငါ ဒဏ် ပေး စရာဘို့ ဖြစ်၏။
Isaiah 10:25သို့သော်လည်း၊ ခဏ ကြာပြီးမှ သူ တို့သည်ပျက်စီး ခြင်းသို့ရောက်သောအားဖြင့် ၊ ငါ့အမျက် သည်ငြိမ်း ၍၊ ငါ့ စိတ်လည်းပြေလိမ့်မည်။
Isaiah 14:14မိုဃ်းတိမ် ထိပ် ပေါ် သို့ ငါတက် မည်။ အမြင့်ဆုံး သောဘုရားကဲ့သို့ငါနေ မည်ဟုစိတ် အကြံရှိ လေပြီ။