Daniel 11:6
ကာလ လွန် သောအခါ သူတို့သည် အဆွေ ဖွဲ့ကြ လိမ့်မည်။ အသင့်အတင့် ဖြစ်စေခြင်းငှါ တောင် ရှင်ဘုရင် ၏ သမီး သည် မြောက် ရှင်ဘုရင် ထံသို့ ရောက် လိမ့်မည်။ သို့သော်လည်း ၊ ထိုမင်းသမီး၏ အာဏာ သည် မ တည် ရ။ ထိုမင်း နှင့်တကွ အမျိုးအနွယ် တော် သည်လည်း မတည်ရ။ မင်းသမီး ကို၎င်း၊ ဆောင် ခဲ့သောသူတို့ ကို၎င်း၊ သူ ၏သား ကို၎င်း ၊ ထိုကာလ ၌ သူ့ ကိုထောက်ပင့် သော သူများကို၎င်းဆုံးရှုံးခြင်းသို့အပ် ရလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Job 38:15လူဆိုး တို့၏ အလင်း သည်ကွယ် ၍ ချီကြွ သော လက် လည်း ကျိုး တတ်၏။
Ezekiel 30:21အချင်းလူသား ၊ အဲဂုတ္တု ရှင်ဘုရင် ဖာရော မင်း၏ လက်ရုံး ကို ငါချိုး ပြီ။ ဆေးကု ၍မ ထုပ် ရ။ ထား ကိုင် စေ ဘို့ ပကတိခွန်အား ရှိစေခြင်းငှါအဝတ် နှင့်မစည်းရ။
Daniel 11:7ထိုမင်းသမီး၏ အဆွေအမျိုး ဖြစ်သောသူ တယောက်သည် အဘ၏ အရိပ်အရာ ကိုရသဖြင့် စစ်ချီ၍ လာ လိမ့်မည်။ မြောက် ရှင်ဘုရင် ၏ မြို့တော်သို့ ရောက် လျှင် ၊ မြို့သားတို့ကို တိုက် ၍ နိုင်လိမ့်မည်။
Daniel 11:15မြောက် ရှင် ဘုရင်သည် လာ ၍ မြို့ရိုး ကို တည် ပြီးလျှင်ခိုင်ခံ့ သော မြို့ တို့ကို လုပ်ကြံ လိမ့်မည်။ တောင် ရှင်ဘုရင်၏ လက်နက်များ၊ ရွေးချယ် သောလူများတို့သည် ဆီးတား ခြင်းငှါ ခွန်အား မ ရှိသောကြောင့် မ ဆီးတား ရကြ ။
Zechariah 11:16အကြောင်း မူကား၊ ဤပြည် ၌ သိုးထိန်း တဦးကို ငါ ပေါ်ထွန်း စေမည်။ သူသည် အသတ် ခံရသောအကောင်ကို မ ကြည့် မရှု၊ လမ်းလွဲသောအကောင် ကို မ ရှာ ၊ နာ သော အကောင်ကို အနာ ပျောက်စေခြင်းငှါမ ပြု၊ ရပ် နေသောအကောင်ကို မ မစ ၊ ဆူ သောအကောင် တို့ကို စား လိမ့်မည်။ သူ တို့ ခွာ ကိုလည်း ချိုးဖဲ့ လိမ့်မည်။