Daniel 12:7
ပိတ်ချော ကိုဝတ် လျက် မြစ် ရေ ပေါ် မှာရှိသော လူ ကလည်း၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက် ပတ်လုံးဖြစ်လိမ့်မည်။ သန့်ရှင်း သောသူ တို့ ၏ အစွမ်း သတ္တိကို အရပ်ရပ်သို့ ဖြန့် လွှင့်ခြင်းအမှုပြီး သောအခါ ၊ ထို အမှု အရာ အလုံးစုံ တို့သည် ကုန်စင် ကြလိမ့်မည်ဟု လက်နှစ်ဘက်ကို ကောင်းကင် သို့ ချီ လျှက် ၊ ကမ္ဘာ အဆက်ဆက်အသက် ရှင်တော်မူသောဘုရားကို တိုင်တည် ၍ ကျိန်ဆိုသည် ကို ငါကြား ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 26:19ဖန်ဆင်း တော်မူသော လူမျိုး တကာ တို့ထက် သင် ၏ဂုဏ် အသရေကျော်စော ကိတ္တိကို လွန်ကဲ စေတော်မူမည်ဟူ၍၎င်း ဂတိ တော်ရှိသည်အတိုင်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း သောလူမျိုး ဖြစ် စေခြင်းငှာ ၎င်း ယနေ့ ဝန်ခံ တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ဟောပြောလေ၏။
Deuteronomy 32:40ငါ သည် အစဉ်အမြဲ အသက် ရှင်ပေ၏ဟု ငါ့ လက် ကို ကောင်းကင် သို့ ချီ ၍ ကျိန်ဆို ၏။
Isaiah 62:12သူ တို့သည် သန့်ရှင်း သောသူ ၊ ထာဝရဘုရား ရွေးနှုတ် တော်မူသောသူဟူ၍၎င်း ၊ သင် သည် သူတပါး မ စွန့်ပစ် ၊ စည်ပင် သော မြို့ ဟူ၍၎င်း သမုတ် ခြင်းကိုခံရလိမ့်မည်။
Daniel 4:31ထိုစကား ကို မြွက်ဆိုစဉ် ပင်၊ ကောင်းကင် မှ သက်ရောက် သော အသံ ဟူမူကား၊ အိုနေဗုခဒ်နေဇာ မင်းကြီး ၊ နားထောင်လော့။ နိုင်ငံ တော်သည် သင့် လက်မှ ရွေ့ သွားပြီ။
Daniel 7:21ငါကြည့်ရှု စဉ်တွင် အသက်ကြီး သောသူသည်ရောက်လာ လျှင်၊ အမြင့်ဆုံး သောဘုရား၏သန့်ရှင်း သောသူတို့အား စီရင် ရသောအခွင့်ကိုပေး ၍၊
Daniel 8:14ယခင်ပြောသောသူက ရက်ပေါင်းနှစ် ထောင်သုံး ရာ တိုင်တိုင် တည် လိမ့်မည်။ ထိုနောက်၊ သန့်ရှင်း ရာဌာနကို တဖန် ဆေးကြော သုတ်သင်ကြ လိမ့်မည်ဟုပြန်၍ ပြောဆို ၏။