Daniel 2:21
ကာလ အချိန် ဥတု များကို ပြောင်းလဲ စေတော်မူ ၏။ ရှင် ဘုရင်တို့ကိုလည်း နှိမ့်ချ ချီးမြှောက် တော်မူ၏။ ပညာရှိ တို့အား ပညာ ကို ပေး တော်မူ၏။ ဉာဏ် ရှိသောသူတို့ သည် ကျေးဇူးတော်အားဖြင့်သာ၊ ထိုးထွင်း၍ နားလည် တတ်ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 31:3သူသည် ရွှေ ငွေ ကြေးဝါ ကိုလုပ် သောအတတ် ၊ ကျောက် ကိုသွေး ၍စီ သောအတတ်၊ သစ်သား ကိုထုလုပ် သောအတတ်နှင့် အမျိုးမျိုး သောအလုပ် ကို ထူးဆန်းစွာလုပ် တတ်မည် အကြောင်း၊ ဉာဏ်ပညာ နှင့်တကွ သိပ္ပံအတတ် အမျိုးမျိုး တို့ကို ငါပေး၍ ဘုရားသခင် ၏ဝိညာဉ် တော်နှင့် ပြည့်စုံ စေ၏။
1 Samuel 2:7ဆင်းရဲ စေခြင်းငှါ၎င်း ၊ ရ တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရား ပြု၍၊ နှိမ့်ချ သောအခွင့်၊ ချီးမြှောက် သောအခွင့်ရှိတော်မူ၏။
1 Kings 3:28ထိုသို့ရှင်ဘုရင် စီရင် တော်မူသည် အရာကို ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြား သိကြသောအခါ ၊ တရား စီရင်စေခြင်းငှါ ဘုရား သခင်ပေးတော်မူသော ဉာဏ် နှင့် ရှင်ဘုရင် ပြည့်စုံကြောင်းကို သိမြင် ၍ ၊ ကိုယ်တော်ကို ကြောက်ရွံ့ ရိုသေကြ၏။
1 Kings 10:24ရှောလမုန် ၏ နှလုံး ၌ ဘုရားသခင် သွင်းပေး တော်မူသော ပညာ ကို မြေကြီး သားအပေါင်း တို့သည် ကြား ရအံ့သောငှါ ၊ မျက်နှာ တော်ကို ဖူး လာကြ၏။
1 Chronicles 29:30ဒါဝိဒ် မင်းကြီး ပြုမူသော အမှုအရာ အစ အဆုံး ရှိသမျှ၊ အစိုးရ ခြင်း၊ တန်ခိုး ကြီးခြင်းနှင့်တကွ၊ ကိုယ်တော်မှစ၍ ဣသရေလ ပြည်၊ အခြားတပါးသောတိုင်းပြည် များတို့၌ ဖြစ်လေသမျှ သောအမှုအရာအလုံးစုံတို့သည် ပရောဖက် ရှမွေလ ၏ကျမ်းစာ ၊ ပရောဖက် နာသန် ၏ကျမ်းစာ ၊ ပရောဖက် ဂဒ် ၏ကျမ်းစာ တို့၌ ရေး ထားလျက်ရှိ၏။