Daniel 2:39
ကိုယ်တော် နောက် ၌ ကိုယ်တော်၏ နိုင်ငံ လောက်မမြတ်သော နိုင်ငံ တခုသည် တည်ထောင် လိမ့်မည် ။ ထိုနောက်၊ မြေကြီး တပြင်လုံး ကို အုပ်စိုး သော ကြေးဝါ နိုင်ငံတည်းဟူသောတတိယ နိုင်ငံတည်ထောင်လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 44:28ကုရုမင်း ကိုလည်း၊ သင်သည် ငါ့ သိုးထိန်း ဖြစ်၏။ ငါ့ အလို ရှိသမျှ ကို ပြည့်စုံ စေလျက် ၊ ယေရုရှလင် မြို့ တည်ဆောက် စေ၊ ဗိမာန် တော်တိုက်မြစ် ကျစေဟု စီရင် လိမ့်မည်ဟူ၍၎င်း ငါဆို ၏။
Daniel 5:28ဖေရက် ၏ အနက်အဓိပ္ပါယ်ကား၊ နိုင်ငံ တော်ကို ခွဲဝေ ၍ မေဒိ လူ၊ ပေရသိ လူတို့အား အပ် ပေးတော်မူ၏ဟု ဆိုလိုသတည်းဟု ဒံယေလသည် အထံတော်၌ ပြန်ကြား လျှောက်ထား၏။
Daniel 7:6တဖန်ငါကြည့်ရှု ပြန်၍၊ ကျားသစ် နှင့် တူသော သားရဲတကောင်သည် ထင်ရှား၏။ ကျော ပေါ် မှာ ငှက် အတောင် လေး ခုရှိ၏။ ခေါင်း လေး လုံးနှင့်ပြည့်စုံ၏။ အုပ်စိုး ရသောအခွင့်လည်းရှိ၏။
Daniel 8:3ငါမျှော် ကြည့်သော၊ ရှည်လျား သော ချို နှစ်ချောင်းရှိသောသိုး တကောင် သည် မြစ် တဘက် ၌ ရပ် နေ ၏။ ထိုချိုနှစ်ချောင်းသည်မညီ၊ တချောင်းသာ၍ရှည်၏။ သာ၍ရှည်သောချိုသည် နောက် ပေါက် သတည်း။
Daniel 8:21အမွေးကြမ်း သော ဆိတ် သည် ဟေလသ ရှင်ဘုရင် ဖြစ်၏။ မျက်စိ နှစ်လုံးကြား ၌ရှိသော ချို ကြီး သည် ပဌမ မင်း ဖြစ်၏။
Daniel 11:2ယခု မူကား ၊ မှန် သောအရာကိုငါပြ မည်။ ပေရသိ နိုင်ငံကို အစိုးရသောရှင်ဘုရင် သုံး ပါးပေါ် လေဦးမည်။ စတုတ္ထ ရှင်ဘုရင်မူကား ၊ ထိုသူ ရှိသမျှ တို့ထက် ငွေ ရတတ်လိမ့်မည်။ ထိုသို့ ရတတ်၍ အား ကြီးသောကြောင့် ၊ ဟေလသ နိုင်ငံ ကို ရန်ဘက်ပြုစေခြင်းငှါ၊ ခပ်သိမ်း သောသူတို့ ကို နှိုးဆော် လိမ့်မည်။