Daniel 3:22
ရှင် ဘုရင်၏ အမိန့် တော်ကျပ်တည်း ၍ မီးဖို သည် အလွန် ပူ သောကြောင့် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ဆွဲချ သော သူ တို့ သည် မီး လျှံ အရှိန်ကြောင့် သေ ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
23ထို သူသုံး ယောက်တို့မူကား၊ တုပ် နှောင်လျက် ပြင်းစွာလောင် သော မီးဖို ထဲသို့ ကျရောက် လေ၏။
Cross References
Exodus 12:33အဲဂုတ္တု လူတို့ကလည်း ၊ ငါ တို့ရှိသမျှ သည် အသေကောင် ဖြစ်ကြပြီဟုဆို လျက်၊ ဣသရေလလူ တို့ကို အဲဂုတ္တုပြည် ထဲက အလျင်အမြန် လွှတ် ခြင်းငှာ ကျပ်ကျပ်နှိုးဆော် ကြ၏။
Proverbs 11:8ဖြောင့်မတ် သောသူသည် ဒုက္ခ ထဲက ထွက်မြောက် ၍ ၊ သူ့ ကိုယ်စား မ တရားသောသူခံရ ၏။
Daniel 1:7မိန်းမစိုး အုပ်သည် ထိုသူ တို့ကို အမည် နာမလဲ၍၊ ဒံယေလ ကို ဗေလတရှာဇာ ၊ ဟာနနိ ကို ရှာဒရက် ၊ မိရှေလ ကို မေရှက် ၊ အာဇရိ ကို အဗေဒနေဂေါ ဟု၊ အသီးအသီးအမည်အသစ်ကိုပေး ၏။
Daniel 6:24ထိုနောက်၊ ဒံယေလ ၌ အပြစ်တင် သော သူတို့ ကို ရှင် ဘုရင်၏ အမိန့်တော်နှင့် ခေါ် ၍၊ သား မယား နှင့်တကွခြင်္သေ့ တွင်း ထဲသို့ ချ ပစ်ကြလျှင်၊ မြေ သို့ မ ရောက် မှီ ခြင်္သေ့ တို့သည် နိုင်၍သူ တို့ အရိုး ရှိသမျှ တို့ကို ချိုးဖဲ့ ကြ၏။
Matthew 27:5သူသည် ထိုငွေ ကိုဗိမာန် တော်၌ ပစ်ချ ခဲ့၍ အခြားသို့သွား ပြီးလျှင် လည်ကြိုးတပ် ၍ သေလေ၏။