Daniel 3:24
ထိုအခါ နေဗုခဒ်နေဇာ မင်းကြီး သည် အံ့ဩမိန်းမော၍ အလျင် တဆောထ ပြီးလျှင်၊ လူ သုံး ယောက် တို့ကို တုပ် နှောင်၍ မီးထဲသို့ ချ ပစ်သည် မ ဟုတ်လောဟု တိုင်ပင် မှူးမတ်တို့အား မေး တော်မူ၏။ မှူးမတ်တို့ကလည်း ၊ မှန်ပါ၏ဘုရားဟု ပြန် လျှောက်ကြလျှင်၊
မြန်မာကျမ်းစာ
In The King James Version
In Context
23ထို သူသုံး ယောက်တို့မူကား၊ တုပ် နှောင်လျက် ပြင်းစွာလောင် သော မီးဖို ထဲသို့ ကျရောက် လေ၏။
Cross References
Daniel 3:2စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ ၊ တရားသူကြီး ၊ အခွန် တော်ဝန်၊ တိုင်ပင် မှူးမတ်၊ မြို့ စာရေး၊ နိုင်ငံ တော် အရာရှိ အပေါင်း တို့သည် မင်းကြီး တည် ထားတော်မူသော ရုပ်တု ကို သာဓု အနုမောဒနာခေါ်သောပွဲသို့ စုဝေး စေခြင်းငှါ အမိန့်တော်ရှိ၍၊
Daniel 3:17အကျွန်ုပ် တို့ကိုးကွယ် သော ဘုရား သခင်သည်မီး လောင် လျက်ရှိသောမီးဖို ထဲက အကျွန်ုပ် တို့ကို ကယ်လွှတ် နိုင် တော်မူ၏။ ကိုယ်တော် ၏ လက် မှ လည်း ကယ် လွှတ်တော်မူလိမ့်မည်။
Daniel 4:27သို့ဖြစ်၍ ၊ အရှင် မင်းကြီး၊ အကျွန်ုပ် စကား ကို နာယူ တော်မူပါ။ တရား သော အမှုကိုပြုခြင်း၊ ဆင်းရဲ သောသူတို့ကို သနား ခြင်းအားဖြင့် ဒုစရိုက် အပြစ်တို့ကို ပယ် ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာ ရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။
Daniel 5:18အရှင် မင်းကြီး၊ အမြင့်ဆုံး သော ဘုရား သခင်သည် ခမည်းတော် နေဗုခဒ်နေဇာ မင်းကြီး၌ နိုင်ငံ တော် နှင့်တကွရွှေဘုန်း တော်မြတ်၊ ဂုဏ် အသရေတော်ကိုပေး သနားတော်မူ၏။
Daniel 6:22အကျွန်ုပ် ၏ ဘုရား သခင်သည် ကောင်းကင် တမန်ကို စေလွှတ် ၍ ခြင်္သေ့ နှုတ် ကို ပိတ် ထားတော်မူသဖြင့်၊ အကျွန်ုပ် သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ၏။ အကြောင်း မူကား၊ ဘုရားသခင့်ရှေ့ ၌ အကျွန်ုပ် သည် အပြစ် ကင်းပါ၏။ ကိုယ်တော် မြတ်ကိုလည်း အလျှင်း မပြစ်မှားပါဟု ပြန် လျှောက်လေ၏။
Acts 9:6သို့သော်လည်း ထ ၍ မြို့ သို့ ဝင် လော့။ သင် ပြု ရမည်အမှုကို ပြော လိမ့်မည်ဟုမိန့် တော်မူ၏။