Daniel 4:14
သစ်ပင် ကိုလှဲ လော့။ အခက် တို့ကို ခုတ် လော့။ အသီး အရွက် တို့ကို လှုပ် ချွေလော့။ တိရစ္ဆာန် တို့သည် သစ်ပင်အောက် က ထွက်၍၊ ငှက် တို့သည်လည်း အကိုင်း အခက်ထဲက သွား ကြစေ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Jeremiah 51:6ဗာဗုလုန် မြို့ထဲ က ထွက်ပြေး ၍ ၊ အသီးအသီး ကိုယ် အသက် ကို ကယ်နှုတ် ကြလော့။ မြို့သားတို့၏အပြစ် နှင့်ရော၍ ဆုံးရှုံး ခြင်းကို မ ခံကြနှင့်။ ဤအချိန်ကား၊ ထာဝရဘုရား ၏အမျက် တော်ကို ဖြေချိန် ဖြစ်၍၊ အကျိုး အပြစ်နှင့်အလျောက်စီရင် တော်မူမည်။
Ezekiel 31:12ကြောက်မက် ဘွယ်သော တကျွန်း တနိုင်ငံသား တို့သည် သူ့ ကို ခုတ်လှဲ ၍ ပစ်ထား ကြပြီ။ အကိုင်းအခက် တို့သည် တောင် ပေါ် နှင့် ချိုင့် ထဲမှာ ကျ ၍ တပြည်လုံး မြစ် နားမှာ ကျိုးပဲ့ လျက်နေကြ၏။ မြေကြီး သားအပေါင်း တို့သည် သူ့ အရိပ် ထဲက ထွက် ၍ သူ့ ကိုစွန့် သွားကြ၏။
Daniel 3:4ထိုအခါ သံတော်ဆင့် တယောက်က၊ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူ အမျိုးမျိုးတို့၊
Daniel 4:23သစ်ပင်စောင့် ၊ သန့်ရှင်း သူတယောက်သည် ကောင်းကင် မှ ဆင်းလာ ၍ ၊ သစ်ပင် ကို ခုတ်လှဲ ဖျက်ဆီး လော့။ သို့သော်လည်း ၊ မြေ ၌ စွဲသော အမြစ် နှင့်တကွသစ်ငုတ် ကို ခြွင်း ထား၍ သံ ကြိုး ၊ ကြေးဝါ ကြိုးနှင့် ချည်နှောင်သကဲ့သို့နု သောမြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ် နှစ်ပတ်လုံးမိုဃ်း စွတ်ခြင်းကိုခံ ၍ ၊ မြေ တိရစ္ဆာန် တို့နှင့် ဆက်ဆံစေဟုဆိုသည်မှာ၊
Daniel 5:20မာန် မာနစိတ် နှင့် ထောင်လွှားစော်ကားခြင်း ရှိသောအခါ ၊ ဘုန်း တန်ခိုးကွယ်ပျောက် ၍ နန်း တော်မှ ကျ ၏။
Matthew 3:10သစ်ပင် အမြစ် နားမှာ ပုဆိန် ထား လျက်ရှိသည်ဖြစ်၍ ၊ ကောင်း သောအသီး မ သီး သောအပင် ရှိသမျှ တို့ကို ခုတ်လှဲ ၍ မီး ထဲသို့ ချ လိုက်ရ၏။