Daniel 4:17
အကြောင်းမူကား၊ အမြင့်ဆုံး သောဘုရားသည် လောကီနိုင်ငံ ကို အုပ်စိုး တော်မူသည်ကို၎င်း၊ ပေးလို သောသူတို့ အားပေး တော်မူသည်ကို၎င်း၊ ယုတ်မာသောသူတို့ ကို ချီးမြှောက်၍ နိုင်ငံကို အပ်ပေးတော်မူသည်ကို၎င်းသတ္တဝါတို့ သိနားလည်ရသောအခွင့်ရှိစေခြင်းငှါ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ။ သန့်ရှင်းသူတို့ သည် အမိန့်တော်ကိုပေး ကြပြီဟု ဟစ်ကြော်လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
16လူစိတ်သဘောပျောက်၍ တိရစ္ဆာန်စိတ် သဘောနှင့်ပြည့်စုံစေလော့။
Cross References
Exodus 9:16အကယ်စင်စစ်ငါ့ တန်ခိုး ကို သင် ၌ ငါပြ ခြင်းငှါ ၎င်း၊ ငါ့ နာမ ကို မြေကြီး တပြင်လုံး တွင် ကျော်စော စေ ခြင်းငှါ ၎င်း၊ သင့် ကို ငါချီးမြှောက် ခဲ့ပြီ။
1 Kings 21:25အာဟပ် နှင့် တူသော သူတယောက် မျှမရှိ။ ခင်ပွန်း ယေဇဗေလ သည် တိုက်တွန်း သဖြင့်၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု လို၍ ကိုယ်ကို ရောင်း သော သူဖြစ်၏။
2 Kings 21:6မိမိ သား ကို မီး ဖြင့် ပူဇော် ၏။ ကာလ ဗေဒင်ကို ကြည့်တတ်၏။ ပြုစား သော အတတ်ကို သုံးဆောင်၍ စုန်း နှင့် နတ်ဝင် တို့ကိုလည်း အခွင့် ပေး၏။ ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ရှေ့ တော်၌ များစွာ သော ဒုစရိုက် ကိုပြု ၏
Psalms 9:16ထာဝရဘုရား သည် တရား စီရင်ဆုံးဖြတ်တော်မူခြင်း အားဖြင့် ထင်ရှား တော်မူ၏။ မတရား သောသူသည် မိမိ လုပ် သော အလုပ် ထဲမှာ ကျော့မိ ခြင်းကိုခံရ၏။
Psalms 75:6အရှေ့ ၊ အနောက် ၊ တောင် အရပ်တို့တွင် အဘယ်အရပ်မျှ ကျေးဇူး မ ပြုနိုင်။
Psalms 113:7ဆင်းရဲ သောသူကို မြေမှုန့် ထဲ ကကြွ လျက်၊ ငတ်မွတ် သောသူကို နောက်ချေး ပုံထဲ က ချီးမြှောက် လျက်၊