Daniel 4:35
မြေကြီး သားအပေါင်း တို့သည် ရှေ့တော်၌ အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင် ဗိုလ်ခြေ တို့၌ ၎င်း ၊ မြေကြီး သားတို့၌၎င်း အလို တော်ရှိသည်အတိုင်း စီရင် ပြုပြင်တော်မူ၏။ လက် တော်ကို အဘယ်သူ မျှမ ဆီးတား နိုင်။ အဘယ်သို့ ပြု သနည်းဟု ကိုယ်တော် ကို ဆို နိုင်သောသူ မရှိ ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 3:18ရှမွေလ သည် တစုံတခုကိုမျှ ဝှက် မ ထား အလုံးစုံ တို့ကို ပြန် ကြား၏။ ဧလိကလည်း၊ ထာဝရဘုရား ဖြစ် လျှင် အလိုတော်ရှိသည်အတိုင်း ပြု တော်မူပါစေသောဟု ဝန်ခံ လေ၏။
Job 9:12သိမ်းယူ တော်မူသောအခါ အဘယ် သူသည် ဆီးတား နိုင်သနည်း။ ကိုယ်တော် သည်အဘယ် သို့ပြု သနည်းဟု အဘယ် သူဆို ဝံ့သနည်း။
Job 33:12ထိုသို့ ဆိုသော်မှား ပြီ။ ငါပြန် ပြောသောစကားဟူမူကား၊ အကယ် စင်စစ်ဘုရား သခင်သည် လူ ထက် ကြီးမြတ် တော်မူ၏။
Job 34:19ထိုမျှမက၊ မင်း တို့၏မျက်နှာ ကို ထောက် တော်မ မူ။ ဆင်းရဲ သောသူကို အားနာသည်ထက်၊ ရ တတ် သောသူကိုသာ၍အားနာ တော်မ မူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်း တော်မူပြီ။
Job 40:2ဘုရားသခင်ကို အပြစ်တင်သောသူသည် ပြန်ပြော စေတော့ဟု ယောဘ အား မိန့် တော်မူလျှင်၊
Job 42:2ကိုယ်တော်သည် အလုံးစုံ တို့ကို တတ်နိုင် တော်မူကြောင်း ကို၎င်း ၊ အကြံအစည် တော်ကို အဘယ်သူမျှမဆီးတား နိုင်ကြောင်းကို၎င်းအကျွန်ုပ်သိ ပါ၏။