Daniel 5:12
အကြောင်း မူကား၊ အိပ်မက် အနက် ကို ဘတ်ခြင်း၊ နက်နဲ ခက်ခဲသောအရာကိုဖွင့်ပြ ခြင်း၊ ပုစ္ဆာအမေးကို ဖြေ ခြင်းငှါတတ်စွမ်းနိုင် သောဉာဏ် ပညာ နှင့်တကွ၊ ထူးဆန်း သောစိတ် ဝိညာဉ်သည် ဒံယေလ အမည်ရှိသောထိုသူတွင် ထင်ရှား လျက်ရှိပါ၏။ ဗေလတရှာဇာ ဟူသော ဘွဲ့နာမ ကိုလည်း ရှင် ဘုရင်ပေး သနား တော်မူ၏။ ထိုဒံယေလ ကို ခေါ် တော်မူလျှင်၊ အနက် ကို ဟောပြော ပါလိမ့်မည်ဟု လျှောက် သော်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Chronicles 9:1ရှေဘ ပြည်ကိုအစိုးရသောမိဖုရား သည် ရှောလမုန် ၏ သိတင်း ကိုကြား လျှင် ၊ နက်နဲ ခက်ခဲသော ပြဿနာအားဖြင့် သူ့ကိုစုံစမ်း ခြင်းငှါ ၊ နံ့သာမျိုး နှင့် များစွာ သောရွှေ ၊ အဘိုး ထိုက်သောကျောက် တို့ကို ဆောင် သောကုလားအုပ် များ၊ လိုက်သောသူများနှင့်တကွ ယေရုရှလင် မြို့သို့ လာ ၏။
Proverbs 12:26ဖြောင့်မတ် သောသူသည် အိမ်နီးချင်း ကို လမ်း ပြတတ်၏။ မ တရားသောသူလိုက်သော လမ်း မူကား ၊ သူ့ ကိုပင် လှည့်စား တတ်၏။
Daniel 1:7မိန်းမစိုး အုပ်သည် ထိုသူ တို့ကို အမည် နာမလဲ၍၊ ဒံယေလ ကို ဗေလတရှာဇာ ၊ ဟာနနိ ကို ရှာဒရက် ၊ မိရှေလ ကို မေရှက် ၊ အာဇရိ ကို အဗေဒနေဂေါ ဟု၊ အသီးအသီးအမည်အသစ်ကိုပေး ၏။
Daniel 4:8နောက်မှငါ ကိုးကွယ်သောဘုရား ၏ နာမ အားဖြင့်ဗေလတရှာဇာ ဟုခေါ်သမုတ်၍၊ သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် တော်နှင့် ပြည့်စုံသော ဒံယေလ သည် ငါ့ ထံသို့ ဝင်လာလျှင်၊
Daniel 5:14သင် သည် ဘုရား သခင်၏ ဝိညာဉ် နှင့်၎င်း ၊ ထူးဆန်း သော ပညာ ဉာဏ် သတ္တိနှင့်၎င်း ပြည့်စုံသည်ဟု သင် ၏ သိတင်းကို ငါကြား ၏။
Daniel 6:3ထူးဆန်း သော ဉာဏ် နှင့်ပြည့်စုံ၍ မြို့ဝန် တကာ၊ ဝန်ကြီး တကာတို့ထက် လွန်ကဲသောကြောင့်၊ နိုင်ငံ တော် တ နိုင်ငံလုံးကို သူ ၌ အပ်နှင်း မည် ဟုရှင် ဘုရင်သည် အကြံ ရှိတော်မူ၏။