Daniel 6:16
တဖန် ရှင် ဘုရင်မိန့် တော်မူသည်အတိုင်း၊ ဒံယေလ ကို ခေါ် ၍ ခြင်္သေ့ တွင်း ထဲသို့ ချ ပစ်ကြ၏။ ရှင် ဘုရင်ကလည်း၊ သင် မ ပြတ်ကိုးကွယ် သော ဘုရား သခင် သည် သင့် ကိုကယ်လွှတ် ပါစေဟု ဒံယေလ ကို မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Samuel 3:39ငါ သည်ဘိသိက် ခံရ၍ ရှင်ဘုရင် ဖြစ်သော်လည်း ယနေ့ အားနည်း ၏။ ဇေရုယာ သား ဖြစ်သော ဤ သူတို့သည် ငါ့ ထက် လွန်၍ အားကြီး ကြ၏။ မ တရားသဖြင့် ပြု သောသူကို မိမိ အပြစ် နှင့်အလျောက် ထာဝရဘုရား ဆပ်ပေး တော်မူစေသတည်းဟု မိမိ ကျွန် တို့အား မိန့် တော်မူ၏။
Psalms 37:39ဖြောင့်မတ် သောသူတို့၏ ကယ်တင် ခြင်းအမှုကို ထာဝရဘုရား စီရင်တော်မူ၏။ ဘေး ရောက်သည်ကာလ ၌ သူ တို့ခိုလှုံ ရာဖြစ်တော်မူ၏။
Psalms 118:8ထာဝရဘုရား ၌ ခိုလှုံ ခြင်းသည်၊ လူ ကို ကိုးစား ခြင်းထက် သာ၍ကောင်း ၏။
Isaiah 43:2သင့် ကို ဖန်ဆင်း တော်မူသောဘုရား၊ ဘွားစ ကပင် သင့် ကို ပြုပြင် ၍၊ နောင်၌လည်း မစ လတံ့သော ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ့ ကျွန် ယာကုပ် ၊ ငါရွေးကောက် သောသူ ယေရှုရုန် ၊ မ စိုးရိမ် နှင့်။
Jeremiah 38:5ဇေဒကိ မင်းကြီး က၊ သူ သည် သင် တို့လက် ၌ ရှိ၏။ ရှင် ဘုရင်သည် သင်တို့အလို ကို မ ဆီးတား နိုင်ဟု မိန့် တော်မူ၏။
Jeremiah 39:17သို့ သော်လည်း၊ ထို ကာလ ၌ သင့် ကို ငါကယ်နှုတ် မည်။ သင်ကြောက် သော သူ တို့ လက် သို့ သင်မ ရောက် ရ။