Daniel 6:26
ငါအစိုးရသောတနိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ ၏ ဘုရား သခင်ကို ကြောက်ရွံ ရိုသေကြကုန်ဟု ငါအမိန့် တော်ရှိ၏။ အကြောင်း မူကား၊ ထို ဘုရား သခင်သည် အသက် ရှင်တော်မူသောဘုရား၊ နိစ္စ ထာဝရတည် တော်မူသောဘုရားဖြစ်တော်မူ၏။ နိုင်ငံ တော်သည် ပျက်စီး ခြင်းသို့ မ ရောက်နိုင်။ အာဏာစက် တော်လည်း အစဉ်အဆက် တည်လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 5:26အသက်ရှင် တော်မူသောဘုရားသခင် သည်မီး ထဲက မိန့် မြွက်တော်မူ သောအသံ တော်ကို အကျွန်ုပ် တို့ ကြားရ သကဲ့သို့ အဘယ် လူ သတ္တဝါသည် ကြား ၍ အသက်ရှင် သနည်း။
1 Samuel 17:36ကိုယ်တော် ကျွန် သည် ခြင်္သေ့ နှင့် ဝံ နှစ်ကောင်လုံးကိုသတ် ပါ၏။ အရေဖျား လှီးခြင်းကို မခံသော ထို ဖိလိတ္တိ လူသည် အသက် ရှင်တော်မူသောဘုရား သခင်၏ ဗိုလ်ခြေ တို့ကို ကြိမ်းပ သောကြောင့် ၊ ထိုအကောင်တကောင် ကဲ့သို့ ဖြစ် ပါလိမ့်မည်။
Ezra 7:12ဘုရင် တို့၏ဘုရင် အာတဇေရဇ် သည် ကောင်းကင် ဘုံ၏ အရှင်ဘုရား သခင့်တရား ကျမ်းတတ်ဆရာ ၊ ယဇ်ပုရောဟိတ် ဧဇရ ၌ ခပ်သိမ်း သော မင်္ဂလာဖြစ်စေ သောဟူ၍ဤ မည်သောကာလတွင် မှာလိုက်၏။
Psalms 29:10ထာဝရဘုရား သည် မိုဃ်း သက်မုန်တိုင်းပေါ် မှာ ထိုင် တော်မူ၏။ အကယ်စင်စစ်ထာဝရဘုရား သည် အစဉ် အမြဲရှင် ဘုရင်အရာနှင့် ထိုင် တော်မူ၏။
Psalms 99:1ထာဝရဘုရား သည် စိုးစံ တော်မူ၏။ လူများ တို့ သည် တုန်လှုပ် ခြင်း ရှိကြစေ။ ခေရုဗိမ် တွင် ကျိန်းဝပ် တော်မူ၏။ မြေကြီး သည် လှုပ်ရှား ခြင်းရှိစေ။
Psalms 145:12တန်ခိုး ပါသောအမှုတော်များနှင့် နိုင်ငံ တော်၏ ဘုန်း အသရေများကို လူသား တို့အား ဘော်ပြ ကြပါ၏။