Daniel 8:27
ထိုအခါ ငါ ဒံယေလ သည် မော ၍ နာ လျက် နေ၏။ တဖန် အနာမှထမြောက် ၍ ဘုရင် ၏အမှု တော်ကို ဆောင်ရွက် ၏။ မြင်ပြီးသော ဗျာဒိတ် ရူပါရုံကို ငါအံ့ဩ သော်လည်း ထိုအမှုကို အဘယ်သူမျှမ ရိပ်မိ ကြ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Daniel 2:48ဒံယေလ ကို ချီးမြှောက် လျက်၊ များစွာ သော ဆုလပ် သပ်ပကာတို့ကိုပေး ၍၊ ဗာဗုလုန် နိုင်ငံ တွင် ဝန်ကြီး အရာ၌၎င်း ၊ ဗာဗုလုန် ပညာရှိ တို့ကို အုပ်စိုး သော ဝန် အရာ၌၎င်း ခန့်ထားတော်မူ၏။
Daniel 6:2အကျိုး တော်ကို မ ယုတ်မလျော့စေခြင်းငှါ၊ ထိုမြို့ဝန် အပေါင်းတို့ကို အုပ်ချုပ်စစ်ကြောရသော ဝန်ကြီး သုံး ပါးကို၎င်းအလိုတော်ရှိသည်အတိုင်း ခန့်ထားတော်မူ၏။ ထိုဝန်ကြီးသုံးပါးတွင်ဒံယေလ သည် ဝန်ကြီးအရာကို ရသည်သာမက၊
Daniel 8:2ဧလံ ပြည် ၊ ရှုရှန် မြို့ တော်၌ ဥလဲ မြစ် နား မှာ ငါ ရှိ စဉ်၊ ရူပါရုံ ထင်ရှား ၍ ၊
Daniel 10:8ငါ မူကား၊ တယောက် တည်းနေရစ် ၍ ထို ကြီးစွာ သော ရူပါရုံ ကိုမြင် ရလျှင် ၊ ခွန်အား လျော့၍ မျက်နှာ ပျက် လျက်၊ ကိုယ်၌ အစွမ်း သတ္တိအလျှင်းမ ရှိ ဖြစ်လေ၏။
Habakkuk 3:16ဗျာဒိတ်တော်သံ ကို ငါကြား သောအခါ ရင် ၌ လှုပ်ရှား ခြင်း၊ မေးခိုင် ခြင်း၊ အရိုး ဆွေးမြေ့ ခြင်း၊ တကိုယ်လုံး တုန်လှုပ် ခြင်းရှိ၏။ အကြောင်းမူကား၊ အမှု ရောက် သောနေ့ ၊ လုပ်ကြံသောသူသည် ငါ၏လူမျိုး ကို တိုက် လာ သောနေ့တိုင်အောင်ငါသည် နေရစ် ရမည်။