Daniel 8:7
အနားသို့ ရောက် သောအခါ၊ ပြင်းစွာ အမျက်ထွက် သဖြင့် သိုး ကို ခတ် ၍ သိုးချို နှစ် ချောင်းကို ချိုးဖဲ့ ၏။ သိုး သည်ခံနိုင် သော တန်ခိုး မ ရှိ သည်ဖြစ်၍ ၊ ဆိတ်သည် သူ့ ကိုမြေ ၌ လှဲ ၍ နင်း လေ၏။ သူ့ လက် မှ အဘယ်သူမျှသိုး ကို မ ကယ် မလွှတ်နိုင်။
မြန်မာကျမ်းစာ
In The King James Version
In Context
6ချို နှစ်ချောင်းနှင့်မြစ် တဘက် ၌ ထင်ရှားသော သိုး ရှိရာ သို့ ပြင်း စွာသော အဟုန် နှင့်ပြေး ၍ ၊
Cross References
Leviticus 26:37အဘယ်သူမျှမ လိုက် ဘဲ ထား ဘေးမှ ပြေးသောသူကဲ့သို့ တယောက် အပေါ် မှာ တယောက် လဲ ကြလိမ့်မည်။ ရန်သူ ရှေ့ မှာ ရပ် နိုင်သော တန်ခိုးမ ရှိ ရ။
Daniel 7:7ထိုညဉ့် အခါ၊ တဖန်ငါသည် အာရုံ ပြုစဉ်၊ ကြီးစွာ သော ခွန်အား နှင့်ပြည့်စုံ၍ အလွန်ကြောက်မက် ဘွယ် သော စတုတ္ထ သားရဲ သည် ထင်ရှား၏။ ကြီး စွာသော သံ သွား လည်းရှိ၏။ ကိုက်စား ချိုးဖဲ့ ၍ ကြွင်း သော အရာကို ခြေ ဖြင့် နင်း ချေ၏။ သူသည်အရင် သားရဲ ရှိသမျှ တို့ထက် ထူးခြား ၏။ ချို ဆယ် ချောင်းလည်း ရှိ၏။
Daniel 11:11တောင် ရှင် ဘုရင်သည် အမျက် ထွက်သဖြင့် ၊ မြောက် ရှင်ဘုရင် ကို ဆီးကြို ၍ တိုက် လိမ့်မည်။ မြောက်ရှင်ဘုရင် သည် များစွာ သော စစ်သည်ဗိုလ်ခြေအလုံးအရင်း တို့ကိုစီရင် သော်လည်း ၊ တောင်ရှင်ဘုရင်သည် ထိုအလုံးအရင်း တို့ကို သိမ်းယူလိမ့်မည်။