Daniel 9:19
အိုဘုရား ရှင်၊ နားထောင် တော်မူပါ။ အိုဘုရား ရှင်၊ အပြစ်ကိုလွှတ် တော်မူပါ။ အိုဘုရား ရှင်၊ နားထောင် ၍ ပြု တော်မူပါ။ အကျွန်ုပ် ၏ဘုရား သခင်၊ ကိုယ်တော် အတွက် ဖင့်နွှဲ တော်မ မူပါနှင့်။ ကိုယ်တော် ၏မြို့ ၊ ကိုယ်တော် ၏ လူစု သည် နာမ တော်ဖြင့် သမုတ် ခြင်းရှိပါသည်ဟု ဆုတောင်းပဌနာပြု ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 14:19အဲဂုတ္တု ပြည်ကထွက်သောနေ့ မှစ၍ ယခု တိုင်အောင် ဤ လူမျိုး ၏အပြစ်ကို လွှတ် တော်မူသည်နည်းတူ ၊ ကရုဏာ တော်များပြား သည်နှင့်အညီ ၊ ယခု လည်း လွှတ် တော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရား အား လျှောက်ဆိုလျှင်၊
2 Chronicles 6:21ကိုယ်တော် ကျွန် မှစ၍ကိုယ်တော် ၏ လူ ဣသရေလ အမျိုးသားတို့သည် ဤ အရပ် ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါ ၊ ကျိန်းဝပ် တော်မူရာကောင်းကင် ဘုံ၌ နားထောင် ၍ အပြစ် မှလွှတ်တော်မူပါ။
2 Chronicles 6:39သူ တို့ဆုတောင်း ပဌနာ ပြုသောစကားကို ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် ၍ သူ တို့ အမှု ကို စောင့် တော်မူပါ။ ကိုယ်တော် ကို ပြစ်မှား သော ကိုယ်တော် လူ တို့၏အပြစ် ကို ဖြေရှင်းတော်မူပါ။
Psalms 74:9အကျွန်ုပ် တို့သည် ကိုယ်လက္ခဏာ သက်သေများ ကို မ မြင် ရပါ။ ပရောဖက် သည် တဖန် မ ပေါ်မရှိပါ။ အကျွန်ုပ် တို့တွင် ကာလ အပိုင်းအခြားကို သိ သောသူ မ ရှိပါ။
Psalms 79:8ရှေး ကပြစ်မှားမိသော အပြစ် များကို အကျွန်ုပ် တို့၌ မှတ် တော်မ မူပါနှင့်။ အကျွန်ုပ်တို့သည် အလွန် နှိမ့်ချ လျက်ရှိပါသည်ဖြစ်၍ ၊ ကရုဏာ တော်သည် အလျင် အမြန်ကူမ ပါစေသော။
Psalms 85:5အကျွန်ုပ် တို့၌ အစဉ် အမျက် ထွက်တော်မူမည် လော ။ ကာလ အစဉ်အဆက် စိတ် တော်မပြေဘဲ နေတော်မူ မည်လော။