တရားဟောရာကျမ်း 10:5
ငါသည်လည်း လှည့်၍ တောင်ပေါ်က ဆင်းသ ဖြင့်၊ လုပ်ပြီးသော သေတ္တာထဲ၌ ထိုကျောက်ပြားကို ထား၍၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ထိုသေတ္တာထဲ၌ ယခုရှိ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 25:16ငါပေးသော သက်သေခံချက်ကို၊ ထိုသေတ္တာထဲမှာ ထားရမည်။
Exodus 32:15မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ကိုင်ယူလျက်၊ လှည့်၍ တောင်ပေါ်က ဆင်းသွားလေ၏။ ထိုကျောက်ပြားနှစ်မျက်နှာ၌ အက္ခရာတင်လျက် ရှိ၏။
Exodus 34:29မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ကိုင်လျက်၊ သိနာတောင်ပေါ်မှ ဆင်းသက်သောအခါ၊ မိမိနှင့် ဘုရားသခင် နှုတ်ဆက်တော်မူသောကြောင့်၊ မိမိမျက်နှာအရေ ထွန်းပကြောင်းကို မိမိမသိ။
Deuteronomy 9:15ထိုအခါ ငါသည် ပဋိညာဉ်ကျောက်ပြား နှစ်ပြား ကို ကိုင်လျက်၊ လှည့်၍ မီးလောင်သော တောင်ပေါ်က ဆင်းလာ၏။
Joshua 4:9တဖန်တုံ၊ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့နင်းရာအရပ် ယော်ဒန်မြစ်အလယ်၌ ကျောက်တဆယ်နှစ်လုံးကို ယောရှုသည် စိုက်ထား၍ ယနေ့တိုင်အောင် ရှိကြ၏။