တရားဟောရာကျမ်း 11:17
သို့မဟုတ် ထာဝရဘုရားသည် အမျက်တော် ထွက်၍ မိုဃ်းမရွာ၊ မြေ၏အသီးအနှံကို မဖြစ်စေခြင်းငှာ။ မိုဃ်းကောင်းကင်ကို ပိတ်တော်မူမည်။ ထာဝရဘုရား ပေးတော်မူသော ကောင်းမွန်သောပြည်၌ သင်တို့သည် အလျှင်အမြန် ပျောက်ပျက်ကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Leviticus 26:19သင်တို့ မာနအစွယ်ကို ငါချိုးမည်။ မိုဃ်းကောင်းကင်ကို သံကဲ့သို့၎င်း၊ မြေကြီးကို ကြေးဝါကဲ့သို့၎င်း၊ ငါဖြစ်စေသဖြင့်၊
Deuteronomy 4:26ကောင်းကင်မြေကြီးကို သင်တို့တဘက်၌ ယနေ့ ငါတိုင်တည်သည်ကား၊ သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍ ဝင်စားသောပြည်၌၊ မကြာမမြင့်မှီ ဆက်ဆက် ပျောက်ပျက်ရ ကြလိမ့်မည်။ ထိုပြည်၌ တာရှည်စွာ အသက်မရှင်ရ။ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ရ ကြလိမ့် မည်။
Deuteronomy 8:19သင်၏ ဘုရားသခင် ထာဝရဘုရားကို သင် သည် မေ့လျော့သဖြင့်၊ အခြားတပါးသော ဘုရားတို့ကို ဆည်းကပ်၍ ဝတ်ပြုကိုးကွယ်လျှင်၊ ပျက်စီးခြင်းသို့ အမှန်ရောက်လိမ့်မည်ဟု ယနေ့ ငါသည် သင့်တဘက်၌ သက်သေခံ၏။
Deuteronomy 30:17သို့မဟုတ် သင့်နှလုံးလွဲသွားသဖြင့်၊ သင်သည် နားမထောင်ဘဲ သူတပါး သွေးဆောင်ရာသို့ လိုက်၍၊ အခြားတပါးသောဘုရားတို့ကို ဝတ်ပြုကိုးကွယ်လျှင်၊
1 Kings 8:35ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့် မိုဃ်းမရွာ၊ မိုဃ်းခေါင်သဖြင့် ကိုယ်တော်သည် ဆုံးမတော် မူသောအခါ၊ သူတို့သည် ဤအရပ်ဌာနတော်ကို မှီခိုလျက် ဆုတောင်း၍၊ နာမတော်ကိုဝန်ခံလျက် မိမိဒုစရိုက်ကို စွန့်ပယ်လျှင်၊
2 Chronicles 6:26ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် မိုဃ်းမရွာ၊ မိုဃ်းခေါင်သဖြင့်၊ ကိုယ်တော်သည် ဆုံးမ တော်မူသောအခါ၊ သူတို့သည် ဤအရပ်ဌာနတော်ကို မှီခိုလျက် ဆုတောင်း၍၊ နာမတော်ကို ဝန်ခံလျက် မိမိ ဒုစရိုက်ကို စွန့်ပယ်လျှင်၊