တရားဟောရာကျမ်း 16:3
သင်သည် အဲဂုတ္တုပြည်မှထွက်လာသော နေ့ရက်ကို တသက်လုံး အောက်မေ့ဘို့ရာ ပသခါပွဲခံစဉ်၊ တဆေးပါ သော မုန့်ကို မစားရဘဲ၊ တဆေးမပါသော မုန့်တည်းဟူ သော ဒုက္ခမုန့်ကို ခုနှစ်ရက်ပတ်လုံးစားရမည်။ အကြောင်း မူကား၊ သင်သည် အဲဂုတ္တုပြည်မှ အလျင်တဆောထွက် လာသတည်း။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 12:8အသားကို မီးနှင့်ကင်ပြီးမှ၊ ထိုညဉ့်ခြင်းတွင် တဆေးမပါသောမုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။
Exodus 12:14ဤနေ့ရက်သည်လည်း သင်တို့အောက်မေ့စရာဘို့ဖြစ်၍၊ သင်တို့၏အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရားအား ပွဲခံရကြမည်။ ပညတ်တော်ရှိသည်ဖြစ်၍၊ ထိုပွဲကို အစဉ်အမြဲ ခံရကြမည်။
Exodus 12:19ခုနစ်ရက်ပတ်လုံး သင်တို့အိမ်များ၌ တဆေးမရှိရ။ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ တကျွန်းတနိုင်ငံသားဖြစ်စေ၊ ပြည်သားဖြစ်စေ၊ ဣသရေလအမျိုး ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရမည်။
Exodus 12:32သင်တို့တောင်းသည်အတိုင်း သိုးနွားများကို ယူ၍ သွားကြလော့။ ငါ့ကိုလည်း ကောင်းကြီးပေးကြလော့ဟု မိန့်တော်မူ၏။
Exodus 13:3မောရှေကလည်း၊ သင်တို့သည် ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ထွက်သွားသော ဤနေ့ရက်ကို အောက်မေ့ ကြလော့။ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ထိုပြည်မှ နှုတ်ဆောင်တော်မူပြီ။ တဆေးပါသောမုန့်ကို မစားရ။
Leviticus 23:6၎င်းလ ဆယ်ငါးရက်နေ့၌ ထာဝရဘုရားအဘို့ အဇုမပွဲကို ခံရကြမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့် ကို စားရကြမည်။