တရားဟောရာကျမ်း 2:23
ထိုအတူ ၊ ဟာဇရိမ် မြို့မှစ၍ အဇ္ဇာ မြို့တိုင်အောင် နေ ဘူးသော အာဝိမ် လူတို့ကို၊ ကတ္တောရ မြို့မှ ထွက် သော ကတ္တောရိမ် လူတို့သည် ဖျက်ဆီး ၍ သူ တို့ နေရာ ၌ နေ ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 10:14ပါသရူသိမ် လူ၊ ကာသလုဟိမ် လူ၊ ကတ္တောရိမ် လူတည်း။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိ လူဖြစ် သတည်း။
Joshua 10:41ကာဒေရှဗာနာ မြို့မှစ၍ ဂါဇ မြို့တိုင်အောင် ၎င်း၊ ဂေါရှင် ပြည် တရှောက်လုံး နှင့်တကွ ၊ ဂိဗောင် မြို့တိုင်အောင် ၎င်း လုပ်ကြံ ၍၊
Joshua 13:3အဲဂုတ္တု ပြည်အရှေ့ ၊ ရှိဟောရ မြစ်မှစ၍ မြောက် မျက်နှာ၌ ဧကြုန် မြို့နယ် တိုင်အောင် ၊ ခါနနိ လူနေသောပြည်၊ ဖိလိတ္တိ မင်း ငါး ပါးတည်းဟူသောဂါဇသိ လူ၊ အာဇောတိ လူ၊ ဧရှကလောနိ လူ၊ ဂိတ္တိ လူ၊ ဧကြောနိ လူနှင့်တကွ ၊ အာဝိ လူနေသောပြည်၊
Judges 1:18ယုဒ သည် ဂါဇ မြို့နှင့် မြို့နယ် ၊ အာရှကေလုန် မြို့နှင့် မြို့နယ် ၊ ဧကြုန် မြို့နှင့် မြို့နယ် တို့ကိုလည်း တိုက် ယူလေ၏။
2 Kings 18:8ဖိလိတ္တိ လူတို့ကိုတိုက် ၍ ဂါဇ မြို့နယ်တိုင်အောင် ခိုင်ခံ့ သောမြို့ များနှင့် ကင်းစောင့် သောမျှော်စင် များကို လုပ်ကြံလေ၏
Jeremiah 47:4အကြောင်း မူကား၊ ဖိလိတ္တိ အမျိုးသားတို့ကို ဖျက်ဆီး ရသောနေ့ ၊ တုရု မြို့၊ ဇိဒုန် မြို့ကို စစ်ကူ နိုင်သောသူ အကျန် အကြွင်းရှိသမျှ ကို ပယ်ဖြတ် ရသောနေ့သည် ရောက် ၍၊ ထာဝရဘုရား သည် ဖိလိတ္တိ အမျိုးသားနှင့် ကျန်ကြွင်း သော ကတ္တောရ ပြည်သားတို့ကို သုတ်သင် ပယ်ရှင်းတော်မူမည်။