တရားဟောရာကျမ်း 20:1
သင်သည် ရန်သူတို့ကို စစ်တိုက်ခြင်းငှာ ချီသွား သောအခါ၊ ကိုယ်ထက်သာ၍ များသောမြင်း၊ ရထား၊ လူတို့ကို မြင်သော်လည်း မကြောက်နှင့်။ သင့်ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင်၏ဘုရားသခင် ထာဝရ ဘုရားသည် သင့်ဘက်၌ ရှိတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
2စစ်တိုက်ချိန်နီးသောအခါ၊ ယဇ်ပုရောဟိတ်တို့ သည် ချဉ်း၍၊
Cross References
Genesis 26:3ယခုဤပြည်၌ တည်းခို၍နေလော့။ သင့်ဘက် မှာ ငါနေ၍ ကောင်းကြီးပေးမည်။ အကြောင်းမူကား၊ သင်နှင့်သင်၏အမျိုးအနွယ်အား ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အဘအာဗြဟံအား ငါကျိန်ဆိုသော စကားရှိသည်အတိုင်းငါပြုမည်။
Numbers 10:9သင်တို့သည် ကိုယ်ပြည်၌ နေသောအခါ၊ တိုက် လာသောရန်သူတို့ကို စစ်ချီလျှင်၊ နှိုးဆော်သံနှင့် တံပိုး မှုတ်ရမည်။ ထိုအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရား သည် သင်တို့ကို အောက်မေ့၍၊ ရန်သူလက်မှ ကယ်တင် တော်မူမည်။
Deuteronomy 1:29ထိုအခါ ငါက၊ မထိတ်လန့်ကြနှင့်၊ သူတို့ကို မကြောက်ကြနှင့်။
Deuteronomy 3:21ထိုအခါ ယောရှုကိုလည်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဤရှင်နှစ်ပါး၌ ပြုတော်မူသောအမှု အလုံးစုံကို သင်သည် ကိုယ်တိုင်မြင်ရပြီ။ ထိုအတူ၊ ထာဝရဘုရားသည် သင်ရောက်သမျှသော တိုင်းနိုင်ငံတို့၌ ပြုတော်မူလိမ့်မည်။
Deuteronomy 7:21သူတို့ကြောင့် ထိတ်လန့်ခြင်း မရှိရ။ အကြောင်း မူကား၊ တန်ခိုးကြီး၍ ကြောက်မက်ဘွယ်သော သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့တွင် ရှိတော် မူ၏။
Deuteronomy 31:6အားယူ၍ ရဲရင့်ခြင်း ရှိကြလော့။ မစိုးရိမ်ကြနှင့်။ သူတို့ကို မကြောက်ကြနှင့်။ ထာဝရဘုရားသည် သင်တို့ ဘုရားသခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူ မည်။ သင်တို့ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူဟု ဟော ပြော၏။