တရားဟောရာကျမ်း 20:20
သို့ရာတွင် မစားရသော သစ်ပင်တို့ကို ခုတ်လှဲ၍၊ သင်နှင့်စစ်တိုက်သောမြို့ကို မအောင်မှီတိုင်အောင်၊ စစ်တိုက်ရာ တန်ဆာတို့ကို ဆောက်လုပ်ရသော အခွင့်ရှိ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Kings 3:19သင်တို့သည် ခိုင်ခံ့ထူးဆန်းသော မြို့ရှိသမျှတို့ကို လုပ်ကြံကြလိမ့်မည်။ အသုံးဝင်သော သစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြလိမ့်မည်။ ရေတွင်းရှိသမျှတို့ကို မြေဖို့ကြလိမ့်မည်။ ကောင်း သော မြေကွက် ရှိသမျှတို့ကို ကျောက်ခဲနှင့် ဖျက်ကြလိမ့် မည်ဟု မိန့်တော်မူ၏။
Ecclesiastes 9:14မြို့သားနည်းသောမြို့ငယ်တမြို့ရှိ၏။ ကြီးသော ရှင်ဘုရင်တပါးသည်လာ၍၊ ထိုမြို့ပြင်မှာ ကြီးစွာသော တပ်တို့ကို တည်၍ဝိုင်းထား၏။
Jeremiah 6:6ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သစ်ပင်တို့ကို ခုတ်လှဲကြလော့။ ယေရုရှလင်မြို့တဘက်၌ မြေရိုးကိုဖို့ကြလော့။ ဤမြို့ သည် ဆုံးမစရာကောင်းသောမြို့ဖြစ်၏။ မြို့ထဲ၌ညှဉ်းဆဲ ခြင်း သက်သက်ရှိ၏။
Ezekiel 17:17ဖာရောဘုရင်သည်လည်း လူများတို့ကို သတ် ခြင်းငှါ၊ အားကြီးသော ဗိုလ်ပါအလုံးအရင်းများနှင့်အတူ မြေရိုးတို့ကိုဖို့၍ ရဲတိုက်တို့ကို ဆောက်သော်လည်း၊ သူ့အဘို့စစ်တိုက်၍ မနိုင်ရာ။