တရားဟောရာကျမ်း 25:5
အတူနေသော ညီအစ်ကို တို့တွင်၊ တစုံတ ယောက်သောသူသည် သားမရှိဘဲသေလျှင်၊ သေသောသူ ၏ မယားသည် အခြားတပါးသောလူစိမ်းနှင့် စုံဘက်ခြင်း ကို မပြုရ။ သူ၏လင်ညီသည် သူ့ကို သိမ်းယူဆက်ဆံ၍ မရီး၌ ပြုအပ်သောဝတ်ကို ပြုရမည်။
1835 Judson Burmese Bible
In The King James Version
In Context
4စပါးနင်းနယ်သော နွား၏နှုတ်ကို မချုပ်တည်းရ။
6ဣသရေလအမျိုး၌ အစ်ကိုအမည်ကို မပျောက် စေခြင်းငှာ၊ အဦးဘွားသော သားသည် သေသောဘကြီး ၏ အရိပ်အရာကို ခံရမည်။
Cross References
Genesis 38:9ဩနန်သည် သားကိုရလျှင်မူကား၊ မိမိသား မမှတ်ရဟုသိ၍အစ်ကိုအား သားကိုမပေးလိုဘဲ၊ အစ်ကိုမယားထံသို့ ဝင်သောအခါ၊ သုတ်ရည်ကိုထုတ်၍ စွန့်လေ၏။
Ruth 3:9သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်မသည်ကိုယ်တော်၏ ကျွန်မရုသဖြစ်ပါ၏။ ကိုယ်တော်သည်ရွေးပိုင်သော အမျိုးသားချင်းဖြစ်သော ကြောင့်၊ ကိုယ်တော်၏ ကျွန်မကိုအဝတ်တော်စွန်းနှင့် ဖုံးပါတော့ဟုဆိုသော်၊
Matthew 22:24အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကိုအမျိုး မပြတ်ဆက်နွယ်စေဟု မောရှေစီရင်ပါပြီ။
Luke 20:28အရှင်ဘုရား၊ မယားရှိသောသူသည် သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကို အမျိုးမပြတ်ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ပါပြီ။