တရားဟောရာကျမ်း 26:15
ကိုယ်တော်၏ သန့်ရှင်းသော နေရာကောင်းကင် ဘုံမှ ငုံ့ကြည့်၍၊ ကိုယ်တော်၏ လူဣသရေလအမျိုးကို၎င်း၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည်အတိုင်း၊ အကျွန်ုပ်တို့ အား ပေးတော်မူသောပြည်၊ နို့နှင့် ပျားရည်စီးသော ပြည်ကို၎င်း ကောင်းကြီးပေးတော်မူပါဟု လျှောက်ဆို ရမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 6:3အိုဣသရေလအမျိုး၊ ဘိုးဘေးတို့၏ ဘုရား သခင်ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း၊ သင်သည် နို့နှင့် ပျားရည်စီးသောပြည်၌ ချမ်းသာရ၍ အလွန်ပွားများမည် အကြောင်း နားထောင်လော့။ သတိနှင့်ကျင့်စောင့်လော့။
1 Kings 8:27သို့ရာတွင် ဘုရားသခင်သည် မြေကြီးပေါ်မှာ ဧကန်အမှန် ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်း ကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည် ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဘွယ် ရာရှိပါသနည်း။
Psalms 28:9ကိုယ်တော်၏လူစုကို ကယ်တင်၍၊ အမွေတော် ကို ကောင်းကြီးမင်္ဂလာပေးတော်မူပါ။ သူတို့ကိုအုပ်ထိန်း ၍၊ ထာဝရချီးမြှောက်ခြင်းရှိစေတော်မူပါ။
Psalms 80:15လက်ျာလက်တော်နှင့် စိုက်ပျိုးသောအပင်၊ ကိုယ်တော်အဘို့ ခိုင်မာစေတော်မူသော ပျိုးပင်ကို ကွယ်ကာတော်မူပါ။
Psalms 102:19ချုပ်ထားသောသူ၏ ညည်းတွားသံကို နားထောင်ခြင်းငှါ၎င်း၊ သေရမည့် သူတို့ကို လွှတ်ခြင်းငှါ၎င်း၊ အတိုင်းတိုင်အပြည်ပြည်သော လူမျိုးတို့သည် ထာဝရဘုရား၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ထင်ရှား စေခြင်းငှါ၎င်း၊ သန့်ရှင်းရာ ဌာနတော်အထွဋ်က ငုံ့ကြည့်တော်မူ၍၊ ကောင်းကင်ပေါ်က ထာဝရဘုရား သည် မြေကြီးကို ရှုမှတ်တော်မူ၏။
Psalms 115:12ထာဝရဘုရားသည် ငါတို့ကို အောက်မေ့တော် မူ၏။ ကောင်းကြီးပေးတော်မူမည်။ ဣသရေလအမျိုးကို ကောင်းကြီးပေးတော်မူမည်။ အာရုန်အမျိုးအနွယ်ကို ကောင်းကြီးပေးတော်မူမည်။