တရားဟောရာကျမ်း 28:13
ထာဝရဘုရား သည် သင့်ကို အမြီး မ ဖြစ် စေဘဲ ခေါင်း ဖြစ် စေတော်မူသဖြင့် ၊ သင်သည် အောက် ၌ မ နေ ရ ဘဲ အပေါ် ၌ သာ နေရသောအခွင့် ရှိလိမ့်မည်။ ယနေ့ ငါ ဆင့်ဆို သော ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ ပညတ် တော်တို့ကို ကျင့်စောင့်ခြင်းငှာ နားထောင် လျှင် ၎င်း၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 15:26သင်တို့သည် သင်တို့၏ ဘုရား သခင်ထာဝရဘုရား ၏ စကား ကို စေ့စေ့နားထောင် ၍ နှစ်သက် တော်မူသောအကျင့်ကို ကျင့် လျှင်၎င်း၊ ပညတ် တရားတော်အလိုသို့ လိုက် ၍ စီရင် တော်မူချက်တို့ကို စောင့်ရှောက် လျှင် ၎င်း၊ ငါသည် အဲဂုတ္တု လူတို့၌ စွဲ စေသော ရောဂါ တစုံ တခုကိုမျှ သင် တို့၌ မ စွဲ စေ။ ငါ သည် သင် တို့၏ ရောဂါ ကို ငြိမ်းစေသော ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။
Deuteronomy 4:6သို့ဖြစ်၍ ထို ပညတ် တရားတို့ကို ကျင့်စောင့် ကြလော့။ သို့ပြုလျှင် ၊ ထို ပညတ် တရား ရှိသမျှ တို့ကို ကြား ရသောလူမျိုး များရှေ့ မှာ၊ သင် တို့၏ ဉာဏ် ပညာ သည် ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊ ဤ ကြီးမြတ် သော လူမျိုး သည် အကယ် စင်စစ်ဉာဏ် ပညာနှင့် ပြည့်စုံသော အမျိုး ဖြစ်၏ဟု ဆို ကြလိမ့်မည်။
Deuteronomy 28:43သင် နှင့်အတူ နေသော တပါး အမျိုးသားသည် မြင့် လျက်၊ သင့် အပေါ် သို့ တက် လိမ့်မည်။ သင် မူကား ၊ အောက် သို့ဆင်း ၍ နေရလိမ့်မည်။
Philippians 1:27သင်တို့သည် ရန်သူ များကြောင့် အလျှင်း မ ကြောက်ရွံ့ မတုန်လှုပ်ဘဲ၊ တစ်ပါးတည်းသော စိတ် ဝိညာဉ် ၌ တည် ၍၊ ဧဝံဂေလိ တရားနှင့် ဆိုင် သော ယုံကြည် ခြင်းအဘို့ အလိုငှာ တစ်ညီတစ်ညွတ် တည်း ကြိုးစားအားထုတ်ကြသည် အကြောင်းအရာကို၊ ငါ ရောက်လျှင် သင် တို့နှင့် မျက်မှောက်တွေ့ သည်ဖြစ်စေ၊ ကွာ လျက်နေသည် ဖြစ်စေ၊ ငါကြားသိ ရပါမည်အကြောင်း ၊ ခရစ်တော် ၏ ဧဝံဂေလိ တရားနှင့် အထိုက်အလျောက် ဝတ်ကြီးဝတ်ငယ်များကို ပြု၍သာနေ ကြလော့။။