The Bible Software
bible.software › တရားဟောရာကျမ်း › တရားဟောရာကျမ်း 29 › တရားဟောရာကျမ်း 29:24

တရားဟောရာကျမ်း 29:24

ထာဝရဘုရားသည် ဤပြည်၌ အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်း။ ဤပြင်းစွာသော အမျက်တော် အရှိန်ကား၊ အဘယ်သို့နည်းဟု လူအမျိုးမျိုးတို့သည် မေးမြန်းကြလျှင်၊

1835 Judson Burmese Bible

In The King James Version

Even all nations shall say, Wherefore hath the LORD done thus unto this land? what meaneth the heat of this great anger?

In Context

23အနာရောဂါဘေးဥပဒ်တို့ကို၎င်း၊ ထာဝရဘုရား သည် ဒေါသအမျက်တော်ထွက်၍ မှောက်လှန်တော်မူ သော သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့ တို့ ပြိုပျက်ရာကဲ့သို့၊ တပြည်လုံးကို ကန့်နှင့်မီး ကျွမ်း လောင်သော ဆားသက်သက်ဖြစ်၍၊ မျိုးစေ့မကြဲ၊ အသီး အနှံ မသီး၊ မြက်ပင်မပေါက်ကြောင်းကို၎င်း၊ သင်တို့ နောက်မှာ ဖြစ်လတံ့သော သင်တို့အမျိုးသား၊ ဝေးသော အရပ်မှလာသော တပါးအမျိုးသားတို့သည် မြင်ကြသော အခါ၊

25သူတပါးတို့က၊ ထိုသူတို့၏ ဘိုးဘေးတို့ ကိုးကွယ် သော ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သောအခါ၊ သူတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ်ကို သူတို့သည် စွန့်ကြသောကြောင့်၎င်း၊

Read all of တရားဟောရာကျမ်း 29

Cross References

1 Kings 9:8အရပ်မြင့်သော ဤအိမ်တော်ကိုလည်း လမ်း၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ ထာဝရ ဘုရားသည် ဤပြည်နှင့်ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု ကဲ့ရဲ့သံကိုပြုလျက် တယောက် မေးမြန်းသော်၊

2 Kings 18:12အကြောင်းမူကား၊ သူတို့သည်မိမိတို့ဘုရား သခင်ထာဝရဘုရား၏ စကားတော်ကို နားမထောင်၊ ဖွဲ့တော်မူသောပဋိညဉ်ကို၎င်း၊ ထာဝရဘုရား၏ကျွန်မောရှေမှာထားသမျှကို၎င်း၊ အမှုမထားလွန်ကျူးကြ၏။

Jeremiah 5:19သင်တို့ကလည်း၊ ငါတို့ဘုရားသခင် ထာဝရ ဘုရားသည်၊ ငါတို့၌ ဤအမှုအလုံးစုံတို့ကို အဘယ်ကြောင့် စီရင်တော်မူသနည်းဟု မေးကြေသောအခါ၊ သင်တို့သည် ငါ့ကိုစွန့်ပစ်၍၊ ကိုယ်ပိုင်သော ပြည်၌ တကျွန်းတနိုင်ငံ ဘုရားတို့၏ အမှုကိုဆောင်ရွက်သကဲ့သို့၊ ကိုယ်မပိုင်သော ပြည်၌ တကျွန်းတနိုင်ငံသားတို့၏ အမှုကိုဆောင်ရွက် ရကြလိမ့်မည်ဟု၊ သင်သည်သူတို့အား ဆင့်ဆိုရမည်။

Jeremiah 22:9ဤ မြို့သားတို့သည် မိမိတို့ဘုရားသခင် ထာဝရ ဘုရား၏ ပဋိညာဉ်ကို စွန့်ပစ်၍၊ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုကိုးကွယ်ကြသောကြောင့်၊ ဤသို့ ပြုတော်မူသည်ဟု ပြန်ပြောကြလိမ့်မည်။

Lamentations 2:15လမ်း၌ ရှောက်သွားသမျှသောသူတို့က၊ ဂုဏ်သရေအထွဋ်၊ မြေ တပြင်လုံး ရွှင်လန်းရာဘွဲ့ရှိသော မြို့ကားဤမြို့လောဟု၊ ယေရုရှလင်သတို့သမီးကို လက်ခုပ်တီးလျက်၊ ကဲ့ရဲ့သံကိုပြုလျက်၊ ခေါင်းကို ညှိတ်လျက် မေးတတ်ကြ၏။

Ezekiel 14:23သူတို့ ကျင့်ကြံပြုမူသော အမှုအရာတို့ကို သင်တို့ သည် မြင်သောအခါ သက်သာရကြလိမ့်မည်။ ယေရု ရှလင်မြို့ကကို ငါပြုလေသမျှတို့၌၊ အကြောင်းမရှိဘဲ မပြုသည်ကိုသိကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study တရားဟောရာကျမ်း 29:24

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← တရားဟောရာကျမ်း 29:23တရားဟောရာကျမ်း 29တရားဟောရာကျမ်း 29:25 →