တရားဟောရာကျမ်း 3:1
ထိုအခါ ငါတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင် ဘုရင် ဩဃသည်လည်း မိမိလူအပေါင်းတို့နှင့်တကွ ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှါ ချီလာ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Numbers 21:33တဖန် ဣသရေလအမျိုးသားတို့သည် လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင်ဩဃ သည်၊ မိမိလူအပေါင်းတို့နှင့် ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှါ ချီသွား၏။
Deuteronomy 1:4ဧဒြိပြည်၊ အာရှတရုတ်မြို့ ၌နေသော ဗာရှန်ဘုရင် ဩဃကို၎င်း လုပ်ကြံပြီးမှ၊ သက္ကရာဇ် လေးဆယ်ပြည့်၊ ဧကာသမလ၊
Deuteronomy 4:47ဗာရှန်ရှင်ဘုရင် ဩဃတည်းဟူသော၊ ယော်ဒန် မြစ်အရှေ့၊ နေထွက်ရာဘက်၌ နေသော အာမောရိ ရှင်ဘုရင်နှစ်ပါးကို လုပ်ကြံ၍၊ သူတို့ပြည်ကို၊
Deuteronomy 31:4ထာဝရဘုရားသည်လည်း၊ အာမောရိရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့၌၎င်း၊ ဖျက်ဆီးတော်မူသော သူတို့ပြည် ၌၎င်း ပြုသကဲ့သို့၊ ထိုပြည်သား အမျိုးမျိုးတို့၌ ပြုတော်မူ လိမ့်မည်။
Joshua 12:1ယော်ဒန်မြစ်အရှေ့ နေထွက်ရာဘက်၌၊ အာနုန် မြစ်မှစ၍ ဟေရမုန်တောင်တိုင်အောင်၊ အရှေ့လွင်ပြင်ရှိ သမျှပါလျက်၊ ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍ သိမ်းယူသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား၊
Joshua 13:30မဟာနိမ်မြို့မှစ၍ ဗာရှန်ပြည်တည်းဟူသော ဗာရှန်ရှင်ဘုရင်ဩဃ၏ နိုင်ငံတရှောက်လုံး၊ ဗာရှန်ပြည်၌ ပါသော ယာဣရမြို့ခြောက်ဆယ်ကို အမွေခံရသတည်း။