တရားဟောရာကျမ်း 30:20
သို့ဖြစ်၍၊ သင်နှင့် သင့်အမျိုးအနွယ်သည် အသက်ရှင်မည် အကြောင်းနှင့်၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ချစ်၍ စကားတော်ကို နားထောင်သ ဖြင့်၊ အသက်ရှင်ခြင်းအကျိုး၊ အသက်တာရှည်ခြင်း အကျိုးကို ပေးတော်မူသော ကိုယ်တော်ကို ဆည်းကပ်မှီဝဲ မည် အကြောင်းနှင့်၎င်း၊ ထာဝရဘုရားသည် သင်၏ဘိုး ဘေး အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော် မူသောပြည်၌ နေမည်အကြောင်းနှင့် ယှဉ်သော အသက် တရားကို ရွေးယူလော့ဟု ဣသရေလအမျိုးအား ဟော ပြော၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 1:8ထိုပြည်ကို သင်တို့ရှေ့မှာ ငါထားပြီ။ ထာဝရ ဘုရားသည် သင်တို့အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှ စ၍၊ သူတို့အမျိုးအနွယ်အား ပေးမည်ဟု ကျိန်တော်မူ သောပြည်ကို ဝင်၍ သိမ်းယူကြလော့ဟု မိန့်တော်မူ၏။
Deuteronomy 4:40သင်တို့နှင့်တကွ သားမြေးတို့သည် ချမ်းသာရ ခြင်းငှာ၎င်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေး တော်မူသောပြည်၌ အသက်တာရှည်စေခြင်းငှာ၎င်း၊ ယနေ့ငါမှာထားသော ပညတ်တရားတော်တို့ကို စောင့် ရှောက်ရကြမည်ဟု မောရှေသည် ဟောပြောလေ၏။
Deuteronomy 6:2ငါပေးထားသော ပညတ်တရားတော်ရှိသမျှ တို့ကို တသက်လုံး စောင့်ရှောက်မည်အကြောင်းနှင့် သင်တို့၏ အသက်တာရှည်စေမည်အကြောင်း၊ သင်တို့ သွား၍ ဝင်စားလတံ့သော ပြည်၌ ကျင့်ဘို့ရာ သင်တို့အား ငါသွန်သင်စိမ့်သောငှာ၊ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားမှာထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ် တရားဟူမူကား၊
Deuteronomy 10:12အို ဣသရေလအမျိုး၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းတော်သို့ လိုက်သွား ခြင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်ခြင်း၊
Deuteronomy 11:9ထာဝရဘုရားသည် သင်တို့၏ ဘိုးဘေးတို့နှင့် သူတို့အမျိုးအနွယ်အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသော ပြည်၊ နို့နှင့်ပျားရည်စီးသောပြည်၌ သင်တို့အသက် တာရှည်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ရကြမည်။
Deuteronomy 12:10သင်တို့သည် ယော်ဒန်မြစ်တဘက်သို့ကူး၍၊ သင်တို့အမွေခံရာဘို့ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသော ပြည်၌ နေကြသောအခါ၊ ရန်သူအပေါင်းတို့လက်မှ သင်တို့ကို ကယ်နှုတ်တော်မူ သဖြင့် ငြိမ်ဝပ်စွာ နေကြသောအခါ၊