တရားဟောရာကျမ်း 31:26
ဤပညတ္တိကျမ်းစာသည် သင်တို့အမျိုးတဘက်၌ သက်သေဖြစ်မည်အကြောင်း၊ ထိုစာကိုယူ၍ သင်တို့ ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် အနားမှာ တင်ထားကြလော့။
1835 Judson Burmese Bible
In The King James Version
In Context
25ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ထမ်းသောလေဝိသားတို့ကို ခေါ်၍၊
Cross References
1 Kings 8:9ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်၍၊ ထာဝရဘုရားသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူ သောအခါ၊ မောရှေသည် ဟောရပ်အရပ်၌ရှိစဉ် သွင်း ထားသော ကျောက်ပြားနှစ်ပြားမှတပါး သေတ္တာတော်ထဲ ၌ အဘယ်အရာမျှမရှိ။
2 Kings 22:13ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက်၊ လူများအတွက်၊ ယုဒအမျိုးသားအပေါင်းတို့အတွက် ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ငါတို့အဘို့ ဤကျမ်း စာ၌ ရေးထားသမျှသော စကားတို့ကို ဘိုးဘေးတို့သည် နားမထောင်မကျင့်ဘဲနေသောကြောင့်၊ ထာဝရဘုရား သည် ငါတို့၌ ပြင်းစွာ အမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
Romans 3:19ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့ သိကြ၏။ ထိုသို့ဖြစ်၍၊ လောကီသားအပေါင်းတို့သည် စကားတခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော်၌ အပြစ်တင်သောသူဖြစ်ကြ၏။