တရားဟောရာကျမ်း 31:7
တဖန် ယေရှုကို ခေါ်၍၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဤလူတို့အား ပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသောပြည်သို့ သင်သည် သူတို့နှင့်အတူ သွား၍ အမွေခံ စေရမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Numbers 27:19ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊ ပရိသတ် အ ပေါင်းတို့ရှေ့၌ သူ့ကိုထား၍ မှာခဲ့လော့။
Deuteronomy 1:38သင့်လက်ထောက် နုန်၏သား ယောရှုသည် ဝင်စားရမည်။ သူသည် ဣသရေလအမျိုးသား အမွေခံ စေမည့်သူ ဖြစ်သောကြောင့်၊ သူ့ကို အားပေးလော့။
Deuteronomy 31:3သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင် တို့ရှေ့မှာကူး၍၊ ထိုပြည်သား အမျိုးမျိုးတို့ကို ဖျက်ဆီး တော်မူသဖြင့်၊ သူတို့နေရာကို သင်တို့ဝင်စားရကြလိမ့် မည်။ ထာဝရဘုရားအမိန့်တော်အတိုင်း၊ ယောရှုသည် လည်း သင်တို့ရှေ့မှာ ကူးရလိမ့်မည်။
Deuteronomy 31:21ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံသော အခါ၊ ထိုသီချင်းသည် သူတို့တဘက်၌ သက်သေခံလိမ့် မည်။ သူတို့အမျိုးအနွယ်သည် နှုတ်ကျက်မမေ့လျော့ရ။ ငါကျိန်ဆိုသောပြည်သို့ ငါဆောင်၍ မသွင်းမှီ၊ ယခုပင် သူတို့ကြံစည်သော အကြံအစည်ကို ငါသိ၏ဟု မိန့်တော်မူ၏။
Joshua 1:6အားယူ၍ ရဲရင့်ခြင်းရှိလော့။ ဘိုးဘေးတို့အား ပေးမည်ဟု ငါကျိန်ဆိုသောပြည်ကို သင်သည် ဤလူတို့ အားဝေ၍ အမွေပေးရမည်။
1 Kings 2:2မြေကြီးသားအပေါင်းတို့၏ သွားရာလမ်းသို့ ငါသွားရမည်။ သို့ဖြစ်၍အားယူလော့။ ယောက်ျား၏ ဂုဏ်သတ္တိရှိလော့။