တရားဟောရာကျမ်း 32:24
သူတို့သည် မွတ်သိပ်ခြင်းအရှိန်ကို ခံရ၍၊ ပူလောင်ခြင်းဘေး၊ ပြင်းစွာသောဖျက်ဆီးခြင်းဘေး အား ဖြင့် ဆုံးရှုံးကြလိမ့်မည်။ သားရဲတို့၏ သွားကို၎င်း၊ မြေ၌ ကျင်လည်သော မြွေအဆိပ်ကို၎င်း၊ သူတို့၌ ငါစေလွှတ် မည်။
1835 Judson Burmese Bible
In The King James Version
In Context
23သူတို့အပေါ်မှာ ဘေးဥပဒ်များကို ငါပို့မည်။ ငါ့မြှားတို့ကို အကုန်အစင်ပစ်မည်။
Cross References
Genesis 3:14ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကို ပြုသောကြောင့် သားယဉ်သားရဲ အပေါင်းတို့ထက် ကျိန်ခြင်းကို ခံရ၏။ သင်သည် ဝမ်းဖြင့် သွား၍ မြေမှုန့်ကို တသက်လုံးစားရမည်။
Leviticus 26:22သင်တို့၏ သားသမီးများကို ချီသွား၍၊ သင်တို့၏ တိရစ္ဆာန်များကို ဖျက်ဆီးလျက်၊ သင်တို့ကို နည်းစေခြင်း ငှါ၊ သားရဲများကို ငါစေလွှတ်သဖြင့်၊ သင်တို့သွားရာ လမ်းမတို့သည် လူဆိတ်ညံရာ ဖြစ်ကြလိမ့်မည်။
Deuteronomy 28:53ထိုသို့ ဝိုင်းထား၍ ရန်သူသည် ကျဉ်းကျပ်စေ သောအခါ၊ ကိုယ်ရင်သွေး တည်းဟူသော သင်၏ဘုရား သခင် ထာဝရဘုရားပေးတော်မူသော သားသမီးတို့၏ အသားကို သင်စားရလိမ့်မည်။
Psalms 91:6မှောင်မိုက်ထဲမှာ လည်တတ်သော ကာလနာကို၎င်း၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်ကို၎င်း၊ သင်သည်မကြောက်ရ။
Isaiah 65:25တောခွေးနှင့် သိုးသငယ်တို့သည် အတူကျက် စားကြလိမ့်မည်။ ခြင်္သေ့သည်နွားကဲ့သို့ မြက်ကိုစားလိမ့် မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိမ့်မည်။ ငါ၏ သန့်ရှင်းသောတောင်တပြင်လုံး၌ အချင်းချင်း ညှဉ်းဆဲ ခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော် မူ၏။
Jeremiah 14:18ငါသည်မြို့ပြင်သို့သွားသောအခါ၊ သတ်သော အသေကောင်များကို တွေ့ရ၏။ မြို့ထဲသို့ဝင်သောအခါ၊ ငတ်မွတ်၍ နာကျင်စွာခံရသော သူများကိုလည်း တွေ့ရ ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် အဘယ်အမှု ကိုမျှမသိဘဲ အရပ်ရပ်လှည့်လည်ကြ၏။