The Bible Software
bible.software › တရားဟောရာကျမ်း › တရားဟောရာကျမ်း 33 › တရားဟောရာကျမ်း 33:17

တရားဟောရာကျမ်း 33:17

သူ၏ဘုန်းသည် နွားလားဥဿဘဘုန်းကဲ့သို့၎င်း၊ သူ၏ ဦးချိုတို့သည် ကြံ့ဦးချိုကဲ့သို့၎င်း ဖြစ်ကြ၏။ ထိုဦးချို တို့နှင့် လူအမျိုးမျိုးတို့ကို မြေကြီးစွန်းတိုင်အောင် တပြိုင် နက် ထိုးခတ်လိမ့်မည်။ ဧဖရိမ်အမျိုးသား အသောင်း သောင်း၊ မနာရှေအမျိုးသား အထောင်ထောင်ပေတည်း။

1835 Judson Burmese Bible

In The King James Version

His glory is like the firstling of his bullock, and his horns are like the horns of unicorns: with them he shall push the people together to the ends of the earth: and they are the ten thousands of Ephraim, and they are the thousands of Manasseh.

In Context

16မြေကြီးဘဏ္ဍာ စုံလင်ရာအားဖြင့်၎င်း၊ ထာဝရ ဘုရားပေးတော်မူရာ၌ မင်္ဂလာရှိပါစေသော။ ချုံ၌နေ တော်မူသောသူ၏ ကျေးဇူးတော်သည် ယောသပ်ခေါင်း ပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်း ထိပ်ပေါ်မှာ သက်ရောက်ပါစေသော။

18ဇာဗုလုန်အမျိုးကိုကား၊ အိုဇာဗုလုန်အမျိုး၊ ထွက် သွားရာအမှု၌ ဝမ်းမြောက်လော့။ အိုဣသခါအမျိုး၊ မိမိ တဲ၌နေလျက် ဝမ်းမြောက်လော့။

Read all of တရားဟောရာကျမ်း 33

Cross References

Genesis 48:19အဘသည်ငြင်း၍၊ ငါသိ၏ငါသား၊ ငါသိ၏။ သူသည် ကြီးစွာသော လူစုဖြစ်လိမ့်မည်။ သို့သော်လည်း၊ သူ့ညီသည် သူ့ထက်သာ၍ ကြီးသဖြင့်၊ သူ၏ အမျိုး အနွှယ်သည် များစွာသော လူအစုစုဖြစ်လိမ့်မည်ဟု ဆို၏။

Numbers 24:8ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည်၊ ကြံ့အားကြီး သကဲ့သို့ အားကြီး၏။ ရန်သူဖြစ်သော လူမျိုးတို့ကို ကိုက် ဝါး၍၊ အရိုးတို့ကို ချိုးဖဲ့လိမ့်မည်။ မြှားဖြင့် ထုတ်ချင်း ခပ်အောင် ခွင်းလိမ့်မည်။

Numbers 26:37ဤသူတို့သည် ဧဖရိမ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ သုံးသောင်းနှစ်ထောင် ငါးရာရှိသတည်း။ ဤသူတို့သည် ဘိုးဘအဆွေအမျိုး အလိုက် ယောသပ်၏သား စဉ်မြေးဆက်ဖြစ်သတည်း။

Joshua 17:18တောင်သည်လည်း သင်တို့အဘို့ ဖြစ်လိမ့်မည်။ သစ်ပင်များလျှင် ခုတ်လှဲရမည်။ ထွက်ရာလမ်းတို့သည် လည်း သင်တို့အဘို့ဖြစ်လိမ့်မည်။ ခါနနိလူတို့သည် ခွန်အားကြီး၍ သံရထားနှင့်ပြည့်စုံသော်လည်း၊ သူတို့ကို နှင်ထုတ်ကြလိမ့်မည်ဟု ဧဖရိမ်အမျိုး၊ မနာရှေအမျိုး တည်းဟူသော ယောသပ်အမျိုးသားတို့အား ပြောဆို၏။

1 Chronicles 5:1ရုဗင်သည် ဣသရေလ၏ သားဦးဖြစ်သော် လည်း၊ အဘအိပ်ရာကို ညစ်ညူးစေသောကြောင့်၊ သားဦး အရာကိုနှုတ်ပြီးလျှင်၊ ဣသရေလ၏သားဖြစ်သော ယောသပ်၏ သားတို့အား ပေးသည်ဖြစ်၍၊ သားစဉ် မြေးဆက်တို့ကို မှတ်သောအခါ၊ သားဦးအရာကို လိုက်၍ မမှတ်ရ။

1 Chronicles 5:23မနာရှေအမျိုးတဝက်သည်၊ ထိုပြည်တွင် ဗာရှန် မြို့မှစ၍ ဗာလဟေရမုန်မြို့၊ စနိရမြို့၊ ဟေရမုန်တောင် တိုင်အောင် ပွားများလျက်နေ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study တရားဟောရာကျမ်း 33:17

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← တရားဟောရာကျမ်း 33:16တရားဟောရာကျမ်း 33တရားဟောရာကျမ်း 33:18 →