တရားဟောရာကျမ်း 4:10
ထိုအခါ ထာဝရဘုရားက၊ လူများတို့ကို ငါ့ထံမှာ စုဝေးစေလော့။ သူတို့သည် မြေကြီးပေါ်မှာ အသက်ရှင် သမျှသော ကာလပတ်လုံး ငါ့ကို ကြောက်ရွံ့၍ သားမြေး တို့အား သွန်သင်စေခြင်းငှာ။ ငါ့စကားကို ကြားစေမည်ဟု ငါ့အား မိန့်တော်မူသည်အတိုင်း၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 19:9ထာဝရဘုရားကလည်း ကြည့်ရှုလော့။ သင်နှင့်ငါပြောသောအခါ လူများတို့သည် ကြား၍ အစဉ်အမြဲ သင့်ကို ယုံမည်အကြောင်း၊ မိုဃ်းတိမ်တိုက်၌ သင့်ဆီသို့ ငါလာမည်ဟု မောရှေအား မိန့်တော်မူ၏။ မောရှေသည်လည်း ထာဝရဘုရား၏ စကားတော်ကို လူများတို့အား ပြန်ပြောလေ၏။
Exodus 19:16သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုဃ်းချုန်းခြင်း၊ လျပ်ပြက်ခြင်းနှင့်တကွ မိုဃ်းတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသောလူအပေါင်းတို့သည် တုန်လှုပ်ကြ၏။
Exodus 20:20မောရှေကလည်း၊ မစိုးရိမ်ကြနှင့်။ သင်တို့ကို စုံစမ်းခြင်းငှာ၎င်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်း ကိုယ်တော်ကို ကြောက်စေခြင်းငှာ၎င်း၊ ဘုရားသခင်ကြွလာတော်မူပြီဟု လူများတို့အား ပြောဆို၏။
Deuteronomy 5:29သူတို့နှင့် သားမြေးအစဉ်အဆက်တို့သည် ချမ်းသာရမည်အကြောင်း၊ ငါ့ကို ကြောက်ရွံ့၍ ငါပညတ် သမျှတို့ကို အစဉ်စောင့်ရှောက်ချင်သောစိတ်နှင့် ပြည့်စုံ ကြပါစေသော။
Deuteronomy 6:7ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား ၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌ သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည် ဖြစ်စေ၊ ထိုစကားကို ပြောရမည်။
Deuteronomy 14:23သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ နာမတော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ်၌ စပါး၊ စပျစ်ရည်၊ ဆီမှစ၍၊ သိုး၊ နွားတွင် အဦးဘွားသော သားငယ်ဆယ်ဘို့တဘို့ကို ရှေ့တော်မှာ စားရကြမည်။ ထိုသို့ပြုလျှင်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို အစဉ်ကြောက်ရွံ့ရမည်အကြောင်း၊ သင်ရကြလိမ့်မည်။