တရားဟောရာကျမ်း 4:24
အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် လောင်သောမီး၊ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
For the LORD thy God is a consuming fire, even a jealous God.
In Context
Cross References
Exodus 24:17ထာဝရဘုရား၏ ဘုန်းတော်သည် တောင်ထိပ်ပေါ်မှာလောင်သော မီးကဲ့သို့ ထင်၍၊ ဣသရေလ အမျိုးသားတို့သည် မြင်ရကြ၏။
Exodus 34:14အခြားသောဘုရားကို သင်သည် မကိုးကွယ်ရ။ အပြစ်ရှိယုံလွယ်အမည်ရှိသော ထာဝရဘုရားသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်တော်မူ၏။
Deuteronomy 5:9ဦးမချ၊ ဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင်၊ ငါထာဝရဘုရားသည် သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသောသူ တို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထ အဆက်တိုင်အောင်၊ အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရား၊
Deuteronomy 9:3သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင့်ရှေ့မှာ ကြွသဖြင့်၊ လောင်သောမီးကဲ့သို့ ဖြစ်လျက် သူတို့ကို ဖျက်ဆီး၍၊ သင့်မျက်မှောက်၌ နှိမ့်ချတော်မူမည်အကြောင်းကို ယခု သဘောကျလော့။ ထာဝရဘုရား မိန့်တော်မူ သည်အတိုင်း၊ သင်သည် သူတို့ကို နှင်ထုတ်၍ အလျင်အမြန် ဖျက်ဆီးရလိမ့်မည်။
Deuteronomy 32:16သူတို့သည် အခြားတပါးသောဘုရားအားဖြင့် ငြူစူစေကြ၏။ ရွံရှာဘွယ်သော အမှုအရာအားဖြင့် အမျက်တော်ကို နှိုးဆော်ကြ၏။
Psalms 21:9အမျက်တော်ထွက်သောကာလ၌ သူတို့ကို မီးဖိုကဲ့သို့ ဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် အမျက်တော် အားဖြင့် သူတို့ကို မျိုတော်မူ၍၊ မီးသည်လည်း လောင် စားပါလိမ့်မည်။