The Bible Software
bible.software › တရားဟောရာကျမ်း › တရားဟောရာကျမ်း 4 › တရားဟောရာကျမ်း 4:33

တရားဟောရာကျမ်း 4:33

ဘုရားသခင်သည် မီးထဲက မိန့်မြွက်တော်မူ သံကို သင်တို့သည် ကြားသကဲ့သို့၊ အခြားသောလူမျိုးသည် ကြား၍၊ အသက်ချမ်းသာ ရဘူးသလော။

1835 Judson Burmese Bible

In The King James Version

Did ever people hear the voice of God speaking out of the midst of the fire, as thou hast heard, and live?

In Context

32ဘုရားသခင်သည် မြေကြီးပေါ်မှာ လူကို ဖန်ဆင်းတော်မူသော နေ့မှစ၍၊ သင်တို့ မဖြစ်မှီ လွန်လေပြီးသော ကာလပတ်လုံး၊ မိုဃ်းကောင်းကင် တဘက်မှ တဘက်တိုင်အောင် မေးမြန်းကြလော့။ ဤမျှလောက် ကြီးသောအမှု ဖြစ်ဘူးသလော။ ဤကဲ့သို့ သော အမှု၏ သိတင်းကို ကြားဘူးသလော။

34သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်မှာ သင်တို့မျက်မှောက်၌ ပြုတော်မူသကဲ့သို့၊ စုံစမ်းခြင်းနိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြခြင်း၊ စစ်မှုကိုရောက်စေခြင်း၊ အားကြီးသော လက်ရုံး တော်ကို ဆန့်ခြင်း၊ ကြောက်မက်ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြားတပါးသော ဘုရားသည် သွား၍ လူတမျိုးထဲက တမျိုးကို မိမိအဘို့ နှုတ်ယူဘူးသလော။

Read all of တရားဟောရာကျမ်း 4

Cross References

Exodus 19:18ထာဝရဘုရားသည် မီးဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တတောင်လုံး မီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏မီးခိုးကဲ့သို့ တက်၍ တတောင်လုံး ပြင်းစွာလှုပ်လေ၏။

Exodus 20:22ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့အား ပြန်ပြောရသော စကားဟူမူကား၊ ငါသည် ကောင်းကင်ဘုံမှ သင်တို့နှင့် နှုတ်ဆက်ကြောင်းကို သင်တို့သည် သိမြင်ကြပြီ။

Exodus 33:20သို့ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကို မြင်လျှင် အသက်ရှင်ရသော လူတစုံ တယောက်မျှမရှိဟူ၍၎င်း၊

Deuteronomy 5:22ထိုစကားတော်ကို ထာဝရဘုရားသည် တောင် ပေါ်မှာ မီး၊ မိုဃ်းတိမ်၊ ထူထပ်သော မှောင်မိုက်ထဲက ကြီးစွာသောအသံနှင့် သက်တို့စည်းဝေးရာ ပရိသတ် အပေါင်းတို့အား မိန့်မြွက်တော်မူ၏။ ထပ်၍ မိန့်မြွက် တော်မမူ။ ထိုစကားတော်ကိုလည်း ကျောက်ပြားနှစ်ပြား ပေါ်မှာရေး၍ ငါ၌အပ်တော်မူ၏။

Deuteronomy 5:26အသက်ရှင်တော်မူသော ဘုရားသခင်သည်မီးထဲက မိန့်မြွက်တော် မူသော အသံတော်ကို အကျွန်ုပ်တို့ ကြားရ သကဲ့သို့ အဘယ်လူ သတ္တဝါသည် ကြား၍ အသက်ရှင် သနည်း။

Judges 6:22ထာဝရဘုရား၏ကောင်းကင်တမန်ဖြစ်သည်ကို ဂိဒေါင်သည် သိမြင်သောအခါ၊ အိုအရှင် ထာဝရဘုရား၊ အကျွန်ုပ်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ကို မျက်နှာချင်းဆိုင်၍ မြင်ရပါပြီ တကားဟုလျှောက်သော်၊

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study တရားဟောရာကျမ်း 4:33

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← တရားဟောရာကျမ်း 4:32တရားဟောရာကျမ်း 4တရားဟောရာကျမ်း 4:34 →