တရားဟောရာကျမ်း 4:40
သင် တို့နှင့်တကွ သား မြေးတို့သည် ချမ်းသာ ရ ခြင်းငှာ ၎င်း ၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ အသက်တာ ရှည် စေခြင်းငှာ ၎င်း ၊ ယနေ့ ငါ မှာ ထားသော ပညတ် တရားတော်တို့ကို စောင့်ရှောက် ရကြမည်ဟု မောရှေသည် ဟောပြောလေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 22:31သင်တို့သည် ငါ့ ပညတ် တို့ကိုကျင့်စောင့် ရကြမည်။ ငါ သည်ထာဝရဘုရား ဖြစ်၏။
Deuteronomy 4:1အိုဣသရေလ အမျိုးသားတို့၊ သင်တို့သည် အသက်ရှင် ၍ ၊ သင် တို့ဘိုးဘေး ကိုးကွယ်သော ဘုရား သခင် ထာဝရဘုရား ပေး တော်မူသော ပြည် ကို ဝင်စား မည်အကြောင်း ၊ သင် တို့ကျင့် စရာဘို့ ငါ သွန်သင် သော စီရင် ထုံးဖွဲ့ချက်တို့ကို နားထောင် ကြလော့။
Deuteronomy 4:6သို့ဖြစ်၍ ထို ပညတ် တရားတို့ကို ကျင့်စောင့် ကြလော့။ သို့ပြုလျှင် ၊ ထို ပညတ် တရား ရှိသမျှ တို့ကို ကြား ရသောလူမျိုး များရှေ့ မှာ၊ သင် တို့၏ ဉာဏ် ပညာ သည် ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊ ဤ ကြီးမြတ် သော လူမျိုး သည် အကယ် စင်စစ်ဉာဏ် ပညာနှင့် ပြည့်စုံသော အမျိုး ဖြစ်၏ဟု ဆို ကြလိမ့်မည်။
Deuteronomy 5:16သင် ၏ဘုရားသခင် ထာဝရဘုရား ပေး သနား တော်မူသောပြည် ၌ သင် သည် အသက်တာ ရှည် ၍ ကောင်းစား ရမည်အကြောင်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သင်၏ မိဘ ကို ရိုသေ စွာပြုလော့။
Deuteronomy 6:3အိုဣသရေလ အမျိုး၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ၊ သင် သည် နို့ နှင့် ပျားရည် စီး သောပြည် ၌ ချမ်းသာ ရ၍ အလွန် ပွား များမည် အကြောင်း နားထောင် လော့။ သတိ နှင့် ကျင့် စောင့်လော့။
Deuteronomy 11:9ထာဝရဘုရား သည် သင် တို့၏ ဘိုးဘေး တို့နှင့် သူ တို့အမျိုးအနွယ် အား ပေး ခြင်းငှာ ကျိန်ဆို တော်မူသော ပြည် ၊ နို့ နှင့် ပျားရည် စီး သောပြည် ၌ သင်တို့အသက်တာ ရှည် မည်အကြောင်း ၊ ယနေ့ ငါ မှာ ထားသမျှ သောပညတ် တို့ကို စောင့်ရှောက် ရကြမည်။