တရားဟောရာကျမ်း 5:27
ကိုယ်တော်သည် အနီးအပါးသို့ ချဉ်းသွား၍၊ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ သမျှကို နားထောင်တော်မူပါ။ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အား မိန့်တော်မူသမျှကို ဆင့်ဆိုတော်မူပါ။ အကျွန်ုပ်တို့သည် နားထောင်၍ ပြုပါမည်ဟု လျှောက်ဆိုကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 19:8လူအပေါင်းတို့ကလည်း ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်ဟု တညီ တညွတ်တည်း ပြန်ပြောကြ၏။ မောရှေသည်လည်း သူတို့၏စကားကို ထာဝရဘုရားအား ပြန်လျှောက်လေ၏။
Exodus 20:19မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ၏။
Hebrews 12:19တံပိုးမှုတ်ခြင်းအသံသို့၎င်း၊ နှုတ်ကပတ်တော် အသံသို့၎င်း၊ ရောက်ကြသည်မဟုတ်။ ထိုအသံတော်ကို ကြားသောသူတို့သည်၊ ထပ်၍ မိန့်တော်မမူမည်အကြောင်းတောင်းပန်ကြ၏။