တရားဟောရာကျမ်း 7:16
သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင်၌ အပ်ပေးတော်မူသော လူမျိုးအပေါင်းကို ဖျက်ဆီး ရမည်။ သင်၏မျက်စိသည် သူတို့ကို မသနားရ။ သူတို့ ဘုရားအား ဝတ်မပြုရ။ ဝတ်ပြုလျှင်၊ ထိမိ၍ လဲစရာ အကြောင်း ဖြစ်လိမ့်မည်။-
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 23:33သင်သည် ငါ့ကို ပြစ်မှားစေခြင်းငှာ၊ သူတို့သည် ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ သူတို့သည် သင့်ပြည်၌ မနေရကြ။ သင်သည် သူတို့ဘုရားကို ဝတ်ပြုလျှင်၊ ထိမိ၍ လဲစရာအကြောင်းအမှန် ဖြစ်လိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။
Numbers 33:55သင်တို့သည် ထိုပြည်သူပြည်သားတို့ကို အကုန် အစင် မနှင်ထုတ်လျှင်၊ ကျန်ကြွင်းသော သူတို့သည် သင်တို့မျက်စိ၌ အပ်ဖျားကဲ့သို့၎င်း၊ သင်တို့နံဘေး၌ ဆူးကဲ့သို့၎င်း ဖြစ်၍၊ သင်တို့နေသော ပြည်မှာ သင်တို့ကို နှောင့်ရှက်ကြလိမ့်မည်။
Deuteronomy 12:30သူတို့သည် သင့်ရှေ့မှာ ပျက်စီးသောနောက်၊ သူတို့အကျင့်အတိုင်း သင်ကျင့်၍ အပြစ်မရောက်မည်အ ကြောင်း၊ ထိုလူမျိုးတို့သည် သူတို့ဘုရားများကို အဘယ်သို့ ဝတ်ပြုသနည်း။ ထိုနည်းတူ ငါပြုမည်ဟု သူတို့ဘုရား ဝတ်ကို မမေးမြန်းမည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြု လော့။
Deuteronomy 13:9သူသည် အသေသတ်ခြင်းကို ခံစိမ့်သောငှာ၊ သင်သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။
Deuteronomy 19:21သင်၏မျက်စိသည် မသနားရ။ အသက် အတွက် အသက်ကို၎င်း၊ မျက်စိအတွက် မျက်စိကို၎င်း၊ သွားအတွက် သွားကို၎င်း၊ လက်အတွက် လက်ကို၎င်း၊ ခြေအတွက် ခြေကို၎င်း ဒဏ်ပေးရမည်။
Joshua 23:13သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် နောက်တဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော် မမူ။ သင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ၍ ကောင်းမွန်သော ဤပြည်၌ သင်တို့သည် မပျောက်မပျက် မှီတိုင်အောင် သူတို့သည် သင်တို့၌ ကျော့ကွင်း၊ ထောင် ချောက်၊ သင်တို့ နံစောင်၌ နှင်တံ၊ သင်တို့မျက်စိ၌ ဆူး ဖြစ်ကြလိမ့်မည် အကြောင်းကို ဧကန်အမှန် သိမှတ်ကြ လော့။