တရားဟောရာကျမ်း 9:2
အာနက အမျိုးသား ရှေ့ မှာ အဘယ်သူ ရပ် နိုင် သနည်းဟူသောစကားကို သင် ကြား ၍ ၊ သင် သိ သော အာနက အမျိုးသား တည်းဟူသောအလွန် ကြီးမြင့်သော လူမျိုး ကို၎င်းတိုက်ယူ ခြင်းငှာ ၊ ယခု ယော်ဒန် မြစ် တဘက် သို့ ကူး လုပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 13:22တောင် မျက်နှာ၌ ရှောက်သွား ၍ အာနက အမျိုးသား အဟိမန် ၊ ရှေရှဲ ၊ တာလမဲ နေသောဟေဗြုန် မြို့သို့ ရောက် ကြ၏။ ဟေဗြုန် မြို့ကား၊ အဲဂုတ္တု ပြည်၌ ဇောန မြို့ မ တည်မှီ ခုနစ် နှစ် ကတည် သော မြို့ဖြစ်သတည်း။
Numbers 13:33ကိုယ် ကြီးသောလူအမျိုးအနွယ်၊ အာနက အမျိုးအနွယ် ဖြစ်၍၊ အလွန် ကြီးမားသောသူတို့ ကိုလည်း မြင် ခဲ့ ကြပြီ။ သူတို့ရှေ့မှာငါတို့သည် ကိုယ် အထင် အတိုင်း နှံကောင် ကဲ့သို့ ဖြစ် ကြ၏။ သူ တို့အထင် အတိုင်း လည်း ထိုသို့ ဖြစ် ကြသည်ဟူ၍၎င်း၊ မိမိတို့စူးစမ်း သော ပြည် ကို ဣသရေလ အမျိုးသား တို့အား မကောင်း သော သိတင်းကို ကြားပြော ကြလေ၏။
Deuteronomy 2:11ထိုသူ တို့သည် အာနက အမျိုးသားကဲ့သို့ အလွန် ကြီးမားသော လူတို့အဝင်ဖြစ်သည်ကို လူများ ထင်မှတ် ကြ၏။ သို့ရာတွင် မောဘ ပြည်သားတို့သည် ထိုသူ တို့ကို ဧမိမ် ဟူ၍ခေါ် ကြ၏။
Deuteronomy 7:24သူ တို့ရှင် ဘုရင်များကိုလည်း သင့် လက် ၌ အပ် တော်မူသဖြင့် ၊ သူ တို့ဘွဲ့နာမ ကိုပင် ကောင်းကင် အောက် မှာ ပယ်ရှင်း ရမည်။ သူ တို့ကို မ ဖျက်ဆီး မှီ တိုင်အောင်သင့် ရှေ့ မှာ အဘယ်သူ မျှမ ရပ် မနေနိုင်ရာ။
Job 11:10ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား ၍ စစ်ကြောတော်မူလျှင် အဘယ် သူဆီးတား နိုင်သနည်း။
Daniel 11:16တိုက်လာ သောသူသည် မိမိ အလို အလျောက် ပြု ၍ ၊ သူ့ ရှေ့ မှာ အဘယ်သူမျှမ ရပ် မနေနိုင်ဘဲ၊ သာယာ သော ပြည် ကိုနင်းပြီးမှစုံလင် စေလိမ့်မည်။