Ecclesiastes 12:3
ထိုကာလ၌ အိမ်စောင့်တို့သည် တုန်လှုပ်၍၊ ခိုင်ခံ့သော သူတို့သည် အားလျော့ကြလိမ့်မည်။ ဆန် ကြိတ်သောသူတို့သည် နည်းသောကြောင့် ရပ်ကြလိမ့် မည်။ ပြတင်းပေါက်ဖြင့် ကြည့်သော သူတို့သည် အလင်း ကွယ်ကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
2နေနှင့်အလင်း၊ လနှင့်ကြယ်တို့သည် ကွယ်၍ မိုဃ်းရွာပြီးမှ၊ အထပ်ထပ်ရွာတတ်သော ကာလမရောက် မှီ အောက်မေ့လော့။
Cross References
Genesis 27:1ထိုနောက် ဣဇာက်သည် အို၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ၊ သားအကြီးဧသောကို၊ ငါ့သားဟု ခေါ်လျှင်၊ အကျွန်ုပ်ရှိပါ၏ဟု ထူးလေ၏။
1 Samuel 3:2တရံရောအခါ ဧလိသည် မိမိနေရာ၌ အိပ်လျက်၊ သူ၏ မျက်စိမှုန်သောကြောင့် မမြင်နိုင်သည်ကာလ၊-
Psalms 90:9အကျွန်ုပ်တို့သည် အမျက်တော်ကို ခံရသော ကြောင့်၊ နေ့ရက်ကာလရွေ့သွား၍၊ နှစ်များတို့သည် စိတ်ထင်ကဲ့သို့ လွန်တတ်ကြပါ၏။
Zechariah 8:4ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုသော ယောက်ျားမိန်းမ၊ အသက်ကြီး ၍ တောင်ဝေးကိုင်သောသူအပေါင်းတို့သည် ယေရုရှလင် မြို့လမ်းတို့၌ နေကြလေဦးမည်။